🌺EP (54)🌺မိုးမခစံအိမ်က လေလံပွဲ

1K 156 0
                                    

Although the trip was rough

(54)
[မိုးမခစံအိမ်က လေလံပွဲ]

ရှင်းလန်ရှို့ သူ့အနားရောက်လာသူရဲ့ လက်ဖဝါးတွေကို စိတ်ပူပန်စွာ ယူကြည့်လိုက်သည်။

"နာနေသေးလား? မြန်မြန်ကုသလိုက်..."

"ရှို့ကော ကျွန်တော်က ချစ်ဖို့ကောင်းတဲ့ မြွေဖြူလေးပါ။ ကျွန်တော် လူသားလည်းမစားဘူး လူလည်းမသတ်ပါဘူး.... ကျွန်တော်ကတကယ် ချစ်ဖို့ကောင်းတဲ့ ​မြွေဖြူလေးပါနော်.....အဟင့်"

သူအထင်လွဲသွားမှ ရှင်းလန်ရှို့ သဘောပေါက်သွားသည်။ တကယ်တော့ ရွှယ်နမ်က သူ့လက်နာလို့ ငိုနေတာမဟုတ်ဘဲ မိစ္ဆာမယ်က သူ့အကြောင်းကို ပြောချပစ်လိုက်လို့ ငိုနေတာပဲ။

ရှင်းလန်ရှို့ ငိုနေတဲ့ ကလေးတွေကို မချော့တတ်တာ မှန်ပေမယ့် ရွှယ်နမ်ကို ဘယ်လိုချော့ရမလဲ ဆိုတာတော့ သိသွားပြီ။ သူရွှယ်နမ်ရဲ့ လက်ချောင်းတွေကို ငုံ့နမ်းလိုက်တော့ တစ်ဖက်က ချက်ချင်းပဲ အငိုတိတ်သွား၏။

"ရှို့ကော?"

"မင်းက ချစ်ဖို့အကောင်းဆုံးပဲ"

"ကျွန်တော်က မြွေဆိုပေမယ့် ချစ်ဖို့အကောင်းဆုံးပဲ ဟုတ်တယ်မလား?"

"အင်း ချစ်ဖို့အကောင်းဆုံး...."

ရှင်းလန်ရှို့ သေချာပြန်ပြောလိုက်တော့မှ တစ်ဖက်ရှိ ချစ်ဖို့အကောင်းဆုံး ​မြွေဖြူလေးက သူ့မျက်ရည်တွေကို သုတ်လိုက်သည်။ ထို့နောက် ရှင်းလန်ရှို့ကို တောက်တောက်ပပ ပြုံးပြလေ၏။

ရွှယ်နမ် ရှင်းလန်ရှို့လက်မောင်းကို ဆွဲဖက်လိုက်သည်။

"ပြန်ရအောင်လေ....ဒေါ်လေးနိက နေ့လယ်စာချက်ထားလောက်ပြီ ပြီးရင် ညရောက်တာနဲ့ လေလံပွဲသွားကြမယ်"

"ဟုတ်ပြီလေ"

ရွှယ်နမ် နေ့လယ်စာ စားပြီးသောအခါ သူဝယ်လာတဲ့ စာအုပ်တွေနဲ့ မော့ယွီပင်းနဲ့အတူ စာဖတ်ခန်းထဲမှာ ထိုင်ဖတ်နေလိုက်သည်။ ပြီးရင် သူနားမလည်တာကို မော့ယွီပင်းထံမေး၏။ မော့ယွီပင်းသည် စကားနည်းပေမယ့် ဗဟုသုတမှာတော့ ရှင်းလန်ရှို့ထက် မနိမ့်ပေ။

Although the trip was rough (Completed)Where stories live. Discover now