🌺EP (55)🌺အနမ်းတစ်ပွင့်နဲ့ အပိုင်သိမ်းခြင်း

1.1K 167 7
                                    

Although the trip was rough

(55)
[အနမ်းတစ်ပွင့်နဲ့ အပိုင်သိမ်းခြင်း]

အစီအရင်စက်ကွင်းကို တခြားလူတွေ အပြိုင်အဆိုင် ဈေးခေါ်နေကြစဥ် ရှင်းလန်ရှို့ကတော့ အေးအေးဆေးဆေးသာ လက်ဖက်ရည် ထိုင်သောက်နေ၏။

"ရှို့ ရှို့ကော....?"

"အင်း"

"ရွှေသစ်ရွက် ၈သိန်းအထိ တက်သွားပြီ"

"အင်း ကိုယ်ကြားတယ်လေ"

"ရှို့ကောက အရမ်းတော်တာပဲ... ရှို့ကောအဲဒါကို ဘယ်တုန်းက စလုပ်လိုက်တာလဲဟင်?"

"ကိုယ် ကျင့်ကြံထားတာတွေ မပျက်စီးခင်က... စိတ်မပူပါနဲ့ ကိုယ့်မှာထပ်ရှိသေးတယ် ကိုယ်မင်းကို လက်ဆောင်ပေးမယ်"

ရွှယ်နမ် အရမ်းပျော်သွားသော်လည်း ယူမယ်လို့တော့ မပြောဖြစ်လိုက်ပေ။ ရှင်းလန်ရှို့ သူ့အတွက် လုပ်ပေးတာတွေ အရမ်းများနေပါပြီလေ။

နောက်ဆုံးမှာတော့ ရှင်းလန်ရှို့ရဲ့ အစီအရင်များသည် ရွှေသစ်ရွက်သိန်း ၁ထောင်ဖြင့် ရောင်းချနိုင်သွားသည်။ ဈေးနိုင်သွားသူက အမည်မသိ ကျင့်ကြံသူများဖြစ်ကာ သူတို့က လူဆိုးတွေဖြစ်ပုံတော့ မပေါ်ပေ။

ရှင်းလန်ရှို့ လေလံအိမ်ကနေ သူ့အတွက် ဝိညာဥ်အထောက်အပံ့ ပစ္စည်းတစ်ခုကို ရွှေသစ်ရွက် ၅၀၀၀၀ဖြင့် ဝယ်ယူလိုက်သည်။ သူနဲ့ ရွှယ်နမ်တို့ရဲ ဝယ်ယူမှုကို ချေလိုက်ရာ ရွှေသစ်ရွက် ၉၉၉သိန်း ပိုလျှံလာ၏။

ထိုရွှေသစ်ရွက်များကိုတော့ ရွှယ်နမ်မှ အပိုင်သိမ်းနိုင်သွားသည်။ အိမ်အပြန်လမ်းက ရွှယ်နမ်အတွက် အင်မတန် တက်ကြွနေ၏။ သူက မြေကွက်ဝယ်တာနဲ့ အိမ်ကလူတွေအတွက် အိမ်တွေဆောက်ပေး၊ နွားတွေဝယ်ပေးဖို့ တွေးရင်း အင်မတန် ပျော်နေလေသည်။

တစ်လမ်းလုံး ရှင်းလန်ရှို့လက်တစ်ဖက်ကိုဆွဲ၍ ခြေထောက်ကလေးတွေကို မြောက်ကြွကြွလုပ်ကာ ပြန်ရောက်လာ၏။

"အဲဒါတွေကို လုပ်ရတာ ခက်လားဟင်?"

"အင်း"

ရှင်းလန်ရှို့ သူစွဲလမ်းမိနေသူလေးကို ကြည့်လိုက်သည်။

Although the trip was rough (Completed)Where stories live. Discover now