🌺EP (50)🌺မော့ဖန်း သေဆုံးခြင်း

1K 170 3
                                    

Although the trip was rough

(50)
[မော့ဖန်းသေဆုံးခြင်း]

မော့ဖန်းရဲ့ရန်သူက စောစောက ရွှေကြိုးမျှင်လို အရာနဲ့ တိုက်ခိုက်နေပြီး အခုတော့ ဓားတစ်လတ်ကို ထုတ်လာပြီ။ သေချာပေါက် တစ်ဖက်လူက သူခန့်မှန်းလို့ရတဲ့ လူမဟုတ်ဘူးဆိုတာ သေချာသည်။

ရှင်းလန်ရှို့သည် သူ၏၄ပေကျော် ရှည်သော ဓားဖြင့် မော့ဖန်းကို ထိုးညွှန်လိုက်သည်။

"မင်းတို့ရဲ့ အိမ်တော်ထိန်းက မပြောထားဘူးထင်တယ်"

"ဘာ"

"အားနမ်ထိရင် အ သက် ရှင် ခွင့် မ ပေး ဘူး..."

"......"

ရှင်းလန်ရှို့၏ တစ်လုံးချင်း ရွတ်သွားသော စကားလုံးတစ်လုံးစီက သူ့အသက်ကို နှုတ်ယူနေသလိုပဲ။ သို့သော် မော့ဖန်းသည် နှစ်ပေါင်းများစွာ ရန်သူတွေအများကြီး တွေ့လာရတာကြောင့် ဒီစကားက သူ့ကိုမကြောက်လန့်စေဘဲ လှောင်ပြုံးတစ်ပွင့်သာ ပေါ်လာစေ၏။

သူက ရှင်းလန်ရှို့ဆီ ပြေးဝင်လာသည်။ ရှင်းလန်ရှို့ ဓားကိုပစ်လွှတ်လိုက်၏။ ခရမ်းပြာလျှပ်စီးဓားက မော့ဖန်းရဲ့ဓားထိပ်နဲ့ ထိတွေ့ပြီးတော့ ဝိညာဥ်စွမ်းအားများ ပေါက်ကွဲသွားသည်။ ဓားကိုင်ထားတဲ့ မော့ဖန်းလက်ပင် ထုံကျင်သွားလေသည်။

'ဝုန်း!'

နှစ်ယောက်သားရဲ့ လက်ဝါးစွမ်းအင်တို့ ထိပ်တိုက် တွေ့ဆုံသွားပြန်သည်။ ဓားစွမ်းအင်လှိုင်းတို့ကြောင့် ပတ်ဝန်းကျင်ရဲ့ လေထုက မူမမှန်တော့ဘဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြပြီ။

မော့ဖန်းရဲ့ဓားက ရှင်းလန်ရှို့ထံ ထိပ်တိုက်တိုးဝင်လာသည်။ ရှင်းလန်ရှို့ ဓားကို ကျွမ်းကျင်စွာလှည့်၍ မော့ဖန်းရဲ့ဓားကို ချိတ်ယူလိုက်ကာ ခပ်ဝေးဝေးကို ပစ်ထုတ်လိုက်သည်။

'ဝှစ်.....'

ဓားက တစ်နေရာတွင် ပြေးစိုက်သွားပြီး စွမ်းအင်လည်း လျော့ကျသွားသည်။ ထိုအချိန် ခရမ်းပြာလျှပ်စီးဓားလည်း မော့ဖန်းရဲ့ရင်ဘတ်ကို ထိုးဖောက်သွား၏။

'ဖူး......'

မော့ဖန်းပါးစပ်ထဲမှ သွေးတို့ပြည့်လျှံကျလာသည်။ သူ မယုံနိုင်လောက်အောင် မျက်လုံးပြူးလျက် ရှင်းလန်ရှို့အား ကြည့်နေ၏။

Although the trip was rough (Completed)Where stories live. Discover now