🌺EP (33)🌺သွယ်ဝိုက်သောနည်း

1.1K 181 0
                                    

#Although the trip was rough

🌺(33)🌺
[သွယ်ဝိုက်သောနည်း]

ရှင်းလန်ရှို့တို့အဖွဲ့ နောက်တစ်နေ့မနက်ခင်းတွင် မြင်းငါးကောင်နဲ့အတူ ရထားလုံးစီး၍ ခရီးဆက်ထွက်လာခဲ့သည်။

ကျီးယွမ် သူမနဲ့အတူ ထွက်လာတုန်းက ပါလာတဲ့ အစေခံတွေလည်း မရှိတော့တာမို့ တစ်ယောက်တည်း ခရီးဆက်လို့ မဖြစ်ပေ။ ထို့ကြောင့် ရှင်းလန်ရှို့တို့နဲ့ ပူးပေါင်းလိုက်သည်။ နောက်ပြီး စကားများတတ်တဲ့ ရွှယ်နမ်ကိုလည်း သူမခင်တွယ်နေ၏။

ရွှယ်နမ်က သူမရဲ့သေသွားတဲ့ မောင်လေးနဲ့ အရမ်းတူလွန်းသည်။

ရထားလုံးကို မူယန့်က မောင်းပေးသည်။ သူ့စိတ်နဲ့သူဆို လုပ်မှာမဟုတ်ဘူး။ ကျိနှောင်က အချင်းချင်း ကူညီသင့်ကြောင်း နားချလာလို့သာ သူလုပ်ဖြစ်၏။ မူယန့် ရထားလုံး မောင်းနေစဥ် ကျိနှောင်ကဘေးမှာထိုင်ကာ စကားတွေပြောပေးသည်။

မူယန့်သည် အငြိုးအတေးလျှံ ဝိညာဥ်တစ်ကောင်ကနေ မိစ္ဆာအဖြစ် ပြောင်းလဲလာခဲ့တာကြောင့် သူ့ခန္ဓာကိုယ်က အစဥ်အမြဲ အေးနေတတ်သည်။ သို့သော် ကျိနှောင်အပေါ်ထားတဲ့ သူ့နှလုံးသားကတော့ နွေးထွေးနေဆဲ။

"မူယန့်...ဒါစားကြည့်...."

အော့ရွှမ် တောဝက်လိုက်ရင်း ခူးလာခဲ့သော အသီးတချို့ပင်။ ကျိနှောင် မူယန့်ပါးစပ်ထဲကို ခွံ့ကျွေးလိုက်သည်။

"ချိုလား...."

"အင်း...."

"မူယန့်.... ငါတို့တောင်ပိုင်းကိုရောက်ရင် နေရာတစ်နေရာရှာပြီး အေးအေးဆေးဆေး အခြေချကြမယ်နော်"

"ကောင်းပြီ"

ရထားလုံးထဲရှိ အော့ရွှမ်သည် အပြင်ဘက်က အတွဲရဲ့စကားတွေကို နားထောင်ပြီးနောက် ရွှယ်နမ်နားကို ကပ်လာသည်။ ရှင်းလန်ရှို့ သဝန်တိုနေမှာ စိုးတာကြောင့် ကုတင်ပေါ်ရှိ စွမ်းအင်ကျင့်ကြံနေသော ရှင်းလန်ရှို့ကို လှမ်းကြည့်ရသေးသည်။

ရွှယ်နမ် - "ရွှမ်ကော.... ဘာဖြစ်လို့လဲ?"

"အပြင်ဘက်က မင်းပြောတဲ့ ကံမကောင်းတဲ့အတွဲလား?"

Although the trip was rough (Completed)Where stories live. Discover now