(4)- ခင်ပွန်း(2)

909 90 0
                                    

   ပထမတော့ သူမ ထင်လိုက်တာ Suမိသားစုတွေ ပြန်လာပြီပေါ့။ဒါပေမယ့် အခန်းထဲဝင်လိုက်သောခါနီး  ကုတင်ပေါ်က ပြုတ်ကျသလိုမျိုး  ကြမ်းပြင်ပေါ်မှာ လဲလျှောင်းနေတဲ့ ယောကျားတစ်ယောက်ကို ‌တွေ့လိုက်ရသည်။ထွက်ပေါ်လာသောအသံမှာ သည်ယောကျား၏လူပ်ရှားမှုကြောင့် ထွက်လာတာဖြစ်ရမယ်။
      Su Xiao Xiao က ဆက်ပြီးကြည့်လိုက်သည်။ထိုလူမှာ ပခုံးကျယ်ကျယ်ရှိပြီး ခါးကကျဉ်းမြောင်းသည်။သူရဲ့ပုံစံမှာ အရပ်ရှည်ပြီးတော့ အဝတ်အကောင်းစားကိုဝတ်ဆင်ထားသည်။အဲဒီအရာက ဘာအမျိုးအစားနဲ့လုပ်ထားလဲသူမ,မသိ ပေမဲ့ကြည့်လိုက်တာနဲ့အရမ်းဈေးကြီးတယ်ဆိုတဲ့ခံစားချက်ကိုရတယ်။ထိုလူ၏လက်ချောင်းတွေက သေးသွယ်ပြီး ထူးခြားသောအဆစ်များရှိပြီး လက်မနှင့် လက်ညှိုးကြားတွင် အသားမာပါးပါးလေးများကို မြင်တွေ့ရသည်။

"သိုင်းပညာရှင်လား?"

Su Xiao Xiao သည်ကြိုတင်ပြီးဝေဖန်ခန့်မှန်းလိုက်သည်။ထို့အ ပြင်Su Xiao Xiao သည် ဂျင်းချန်း ဆေးအနံ့နှင့် သူ့ခန္ဓာကိုယ်မှ ပြင်းထန်တဲ့ သွေးအနံ့ကိုရှုရှိုက်မိလိုက်သည်။

"ဒဏ်ရာလား"

ထူးဆန်းလိုက်တာ ,ဘယ်လိုလုပ်ပြီး Suမိသားစုမှာ ဒဏ်ရာရတဲ့သူရှိနေရတာလဲ။

နေပါဦး အဖေsuက သူ့မအတွက်ဖမ်းလာတဲ့သားမက်များဖြစ်နေမလား။ရွာကလူတစ်ယောက်ကသူမကို ဘယ်လိုလုပ်လက်ထက်ဖို့သတ္တိရှိမှာလဲ။သူကိုကြိုးချည်လာရင်တောင် အဲ့လူကရအောင်ထွက်ပြေးလိုက်မယ်။ဒါပေမယ့် ပြင်းထန်စွာဒဏ်ရာရနေမယ်ဆိုရင်တော့  ကျိုးကြောင်းဆီလျော်မှုရှိပါလိမ့်မယ်။

Su Xiao Xiao သည် မျက်တောင်မှိတ်ကာ ဝတုတ်သောခန္ဓာကိုယ်ကို ထိုင်ချလိုက်ပြီး တစ်ဖက်ကို ဆွဲလှည့်လိုက်သည်။မည်သို့ပင်မူ သည်ခင်ပွန်းသည် သူမအတွက် လုယူခြင်းခံခဲ့ရအတွက် ကုန်ပစ္စည်းကောင်းမကောင်း စစ်ဆေးရမယ်။
သို့သော်su Xiao Xiao ၏မျက်လုံးများသည် မဖော်ပြနိုင်သော မျက်နှာပေါ်သို့ ကျရောက်သွားသောအခါ သူမ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

He Tongsheng ထက်အဆတစ်ရာ‌ေလာက်ပို‌‌ေချာတယ်လို့ပြောဖူးသလားလို့လေ။
ဒီတစ်ခုလား?.?

ဗိုလ်ချုပ်,သခင်မကလယ်လုပ်ဖို့ခေါ်နေတယ်Where stories live. Discover now