ch_15

762 101 1
                                    


လူအိုကြီးထုန်အိမ်ပြန်ရောက်တော့ မှောင်လုနီးပါးရှိပြီ။

မစ္စချမ်သည် သူ‌မြေးကို အစားကျွေးရင်း တံခါးဘောင်၌ထိုင်ကာ ရံဖန်ရံခါ အပြင်ဖက်သို့ စိုးရိမ်တကြီးလှမ်းကြည့်နေသည်။

"မင်းအဘိုးက ဘာလို့ပြန်လာသေးတာလဲ!"

မစ္စချမ်သည်ရေရွတ်လိုက်သည်။

ထိုလူမနက်အစောကြီးထဲက ထွက်သွားတာ ပဲ ကြက်မအိုကြီးက မရောင်းရဘူးလားမသိဘူး?

"ဘိုးဘိုး"

သုံးနှစ်အရွယ်မြေးဖြစ်သူသည် ညအလင်းရောင်မှိန်မှိန်‌ေအာက်က ပင်ပန်းနွမ်းနယ်နေတဲ့ လူထုန်ကို ညွှန်ပြလိုက်သည်။

မစ္စချမ်သည် မြေးကို အိမ်ထဲသို့ အမြန် ပြန်ခေါ်သွားပြီး သူမချွေးမကို ဆက်ကျွေးခိုင်းလိုက်သည်။ပြီးတော့ လူအိုကြီးထုန်ကို ကြိုရန် ထွက်လာခဲ့သည်။

"ရှင်ဘာလို့နောက်ကျနေတာလဲ?
ကြက်ရောင်းရလား?"လို့ဆိုကာလှည်းထဲသို့ လှမ်းကြည့်လိုက်သည်။

‌"ရောင်းရတယ်"လို့ လူထုန်ကဖြေသည်။

"ရွာသားတွေအတွက် ပစ္စည်းတွေကကောဘယ်လိုလဲ?"လို့ ထပ်မေးလိုက်သည်။

"ငါအကုန် ဝယ်ပြီးလို့ သွားပို့ပြီးသွားပြီ" လို့ပြောလိုက်သည်။

မစ္စချမ်က လူအိုကြီးကို ထူးဆန်းစွစွာကြည့်ရင်း"ရှင်ကြည့်ရတာ တစ်ခုခုဖြစ်နေသလိုဘဲ၊ ဘာမှားနေလို့လဲ?"

လမ်းတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့ အကြောင်းအရာများကို တွေးတာရင်း လူအိုကြီးထုန်ရဲ့ နှလုံးသားထဲတွင် ရှုပ်ထွေးသောခံစားချက်များနှင့် ပြည့်နှက်နေသည်။
"ငါ ဒီနေ့ ဖန်းယနဲ့ အတူတူပြန်လာခဲ့တာ"

မစ္စချမ်က"ဒီကောင်မ ကရှင်ပိုက်‌ဆံတွေ ခိုးသွားတယ်ပေါ့"

"မဟုတ်ဘူး၊သူမ မခိုးဘူး"

"သူမပိုက်ဆံမပေးဘဲ ရှင့်လှည်းကို လိုက်စီးတယ်!"

"မဟုတ်ဘူး"လူထုန်က သူရဲ့ ပိုက်ဆံအိတ်ကို ဖွင့်လိုက်သည်။သူ့ဒဂါးတွေကို ရေတွက် ပြီး သူအိတ်ထံမှာ သူ့ကြေးနီဒဂါးတွေသာမက နောက်ထပ်ရှိသေးသည်၊
ဆယ်ပြားမကရှိနေသည်။
"သူမက လှည်းအတွက် ပိုက်ဆံပေးသွားတယ်"

ဗိုလ်ချုပ်,သခင်မကလယ်လုပ်ဖို့ခေါ်နေတယ်Where stories live. Discover now