(6)-ကလေးများ(2)

891 97 0
                                    

  Wei Ting သည် စကားဆက်မပြောတော့ဘဲ သူ့ခန္ဓာကိုယ်က နာကျင်မှုကို  ထိန်းကာ ဆက၍ စားသောက်‌‌ေနလေသည်။
Su Xiao Xiao ကသူကို ခဏခဏ ကြည့်နေသည်။ဝက်ခေါင်းဖြစ်နေတဲ့ မျက်နှာကို လျစ်လျူရှုကာ သူအစားစာစားသည့်ပုံစံကို တစ်ချက်ကြည့်လိုက်သည်။ဖြည်းဖြည်းချင်းနဲ့စည်းစနစ်ကျစွာ စားသောက်နေပုံသည်မြင့်မြတ်သော အထက်တန်းရောင်ဝါ ရှိပုံရသည်။
ဒါပေမယ့်ဒီလူရဲ့ရောင်ဝါ ကအေးစက်စက်နိုင်သည်။အဲ့ဒါကို  ဘယ်လိုဖော်ပြရမလဲ။
ထိုလူက သေသွားသောအရိုးစု များမှ စုပြုံ ကာသတ်ချင်နေသော ‌အငွေ့အသက်များဖြင့် လူသေက ထွက်လာသည့်  အ‌ငွေ့အသက်တိုင်းပင်။ဒီလူ သည် လူတယောက်ထက်မကသတ်ဖူးလိုက်မယ်။

အဖေSu,ပြန်ပေးဆွဲလာတဲ့ တစ်ယောက်က ဘယ်လို ပြဿနာကြီးမျိုးလဲဆိုတာ သိကောသိရဲ့လား။
ထို့အပြင်, သူမက  သူကို စစ်ဆေးခဲ့သည်။ထိုလူခန္ဓာကိုယ်မှာ  ခြစ်ရာတွေနဲ့ ဒဏ်ရာတွေ များကြီးရှိခဲ့ပုံရသည်။အရိုးကိုမြင်ရသည်အထိ ဒဏ်ရာရထားတဲ့ ဓားနှစ်ချက်မှာ  ဝမ်းဗိုက်အပေါ်ပိုင်းနှင့် ဘယ်ဘက်ခြေသလုံးတို့တွင် ဖြစ်သည်။ ထိုဒဏ်ရာပေါ်တွေကို ရိုးရှင်းကုသထားပုံရသည်။အဖေ suက ဂျင်းချန်ဆေးနဲ့ ကုသထားတာ ဖြစ်ရမယ်။

ဒါတောင် သူ့သွေးတွေလည်း အများကြီးဆုံးရှုံးထားတယ်၊ သူရဲ့ သွေးခုန်နှုန်းနဲ့ အသက်ရှုနှုန်းတွေ က အရမ်းအားနည်းနေတယ်။ထို့အ ပြင် ဝမ်းဗိုက်ရှိ ဒဏ်ရာများနှင့် ပွန်းပဲ့ ခြင်းများကို စစ်ဆေးကြည့်ရုံနဲ့ အတွင်းသွေးထွက်ခြင်းကို မဆုံးဖြတိနိုင်ပေ။
တိုတိုပြောရရင် သူ့ဒဏ်ရာက တကယ်ကို မြင်နေရတာထက် ပို ပြင်းထန်လောက်သည်။
အရင်ဘဝတုန်းကဆိုရင် သူ့ကို ကုသဖို့ ယုံကြည်ချက်ရှိပေမဲ့ အခုကျတော့.........

       .............

စားသောက်ပြီးသွားသောအခါ Wei Ting က အနားယူလိုက်သည်။
Su Xiao Xiao လည်းအရမ်းပင်ပန်းသွားသည်။ အကြောင်းရင်းကတော့ သူမကိုယ်က အရမးဝနေတာကြောင့်ဖြစ်သည်။သူမ ကစားနိုင်သောက်နိုင်၊အိပ်နိုင်ပေမဲ့ အလုပ်တော့မလုပ်နိုင်ပေ။
Su Xiao Xiao က ပန်းကန်တွေ ဆေးကြောပြီးနောက်  သူမအခန်းသို့ ပြန်သွားကာ အိပ်ရာပေါ်သို့ ပစ်လှဲလိုက်သည်။
ထိုလူ၏ဒဏ်ရာကိုပဲ သူမ တွေးနေမိသည်။ကြောင်တောင်တောင်နဲ့ပင်, သူမ သည်  သူမနေရာရှိ ဆေးဆိုင်ကို ပြန်သွားခဲ့တယ်လို့ အိပ်မက် မက်နေခဲ့သည်။ထိုဆေးဆိုင်မှာ သိပ္ပံသုတေသနအဆောက်အအုံ၏ အပေါ်ဆုံးထပ်မှာရှိသည် ။ထိုနေရာက တည်ဆောက်ဆဲဖြစ်ပြီး အကုန်အသုံးမပြုရသေးပေ။ ထိုနေရာကို ဝင်ခွင့်ရ‌ဖို့ အရည်အချင်းပြည့်မီသူမှာ အများကြီးမရှိပေ။
Su Xiao Xiao သည် သူတို့ထဲမှတစ်ယောက်ဖြစ်သည်။
သူမသည် စားပွဲပေါ်ရှိ ရှေးဦးသူနာပြု အိတ်ကို ဆွဲယူကာ စင်ပေါ်မှ အရေးပေါ်ဆေးအချို့ကို  ဆွဲထည့်လိုက်သည်။
ဟိုဟာလည်းရွေး၊ ဒီဟာလည်းယူ လုပ်နေတုန်းမှာ နိုးလာခဲ့သည်။ ။
Su Xiao Xiao သည် သူမကိုသူမ ရယ်လိုက်သည်။ ထိုယောကျာ်း၏ဒဏ်ရာကို ကုသဖို့အတွက်  အိပ်မက်တောင်မက်ခဲ့ရာ သူမအလုပ်‌အတွက် ဘယ‌ေလာက််တောင် စေတနာထားလုပ်ခဲ့ရသလဲ။။

ဗိုလ်ချုပ်,သခင်မကလယ်လုပ်ဖို့ခေါ်နေတယ်Where stories live. Discover now