ch_16

474 73 3
                                    

ဆု‌‌ေရှာင်ရှောင်က "သူတို့က
ကျွန်မနဲ့အန်ကို ရဲ့ မျိုးဆက်နဲ့ ဆင်မနေဘူးလား?"

ဆုချန်"ဆင်လို့လား?"

ထားလိုက်ပါ။အဖေကြိုက်ရင်ခေါ်ပေါ့၊။ဘယ်လိုပဲဖြစ်ဖြစ် အဲဒါ ကနာမည်ပြောင်ပဲလေ။

တစ်စုံတစ်ခုကို စဉ်းစားမိရင်း ဆု‌ရှောင်ရှောင်က" ဒါနဲ့ ဘယ်သူကအကြီးဆုံး၊ဘယ်သူကအလတ်၊ဘယ်သူကအငယ်ဆုံးဆိုတာ အဖေဘယ်လိုလုပ်သိလဲ?"

ဆုချန်ကသူတို့ရဲ့ဆံပင်ကိုဆွဲချလိုက်ပြီး  ခေါင်းကိုညွှန်ပြလိုက်သည်။ပြီးတော့ ယုံကြည်ချက်ရှိရှိနဲ့"အဝိုင်းတစ်ဝိုင်း၊အဝိုင်းနှစ်ဝိုင်း၊အ ဝိုင်းသုံးဝိုင်းဆိုတော့ အကြီး၊အလတ်၊အငယ်လို့"ပြောလိုက်သည်။

ဆုရှောင်ရှောင်:"......!"

အဖေဆုသည် ကလေးသုံးယောက်ကို ဆက်၍ရေချိုးပေးနေသည်။ဆုရှောင်ရှောင်က ဝေထင်း၏အခန်းထဲသို့ ဆေးလဲပေးရန်သွားလိုက်သည်။

ဒဏ်ရာကသက်သာနေပါပြီ။သူမက‌ ‌‌ေသသပ်စွာချုပ်ပေးထားတယ်၊ဒါပေမယ့် အဖျားနည်းနည်းရှိနေပြီး အားနည်းနေသေးသည်။

ပြင်းထန်သောဒဏ်ရာနှစ်ခုကို ကုသပြီးနောက် သူမသည် ရောင်ရမ်းမှုကိုသက်သာစေသောဆေးနှင့်နာကျင်မှုကိုသက်သာစေသောဆေးနှစ်မျိုးကို ထိုလူ၏ ခန္ဓာကိုယ်ရှိ အသေးစားဒဏ်ရာတွေကို လိမ်းပေးလိုက်သည်။

"အာ ငါအရမ်းပင်ပန်းနေပြီ"

ဆုရှောင်ရှောင်သည် ကုတင်စွန်းတွင်ထိုင်လိုက်သည်။

မနက်အစောကြီးတည်းက အလုပ်လုပ်ခဲ့ပြီး၊ နေလည်လောက်ကထဲက ဈေးဝယ်နေခဲ့အပြင် ရန်လည်းဖြစ်ခဲ့သောကြောင့် ပင်ပန်းမှုတွေက ပြင်းထန်နေတယ်။

"ဖူးး...."

ဝေထင်းသည် အသက်ပြင်းပြင်းရှုပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

"နိုးပြီလား?"

ဝေထင်းသည် သူမျက်လုံးကို ဖြေ ညင်းစွာ ဖွင့်လိုက်သည် ။သူမျက်လုံးထဲတွင် အေးစက်ပြီးသတိထားနေတဲ့ အကြည့်တွေ့ရသည်။

ဆုရှောင်ရှောင်က "ရှင်က ဘယ်လိုအကြည့်မျိုးနဲ့ ကြည့်နေတာလဲ?အခုချိန်မှာရှင် က အခုတ်ခံရမယ့်စဉ်းနှီးတုံးပေါ်က ငါးတစ်ကောင်လိုပဲ၊ ပုရွက်ဆိတ်သတ်ရတာထက် ရှင်ကိုသတ်ရတာပိုလွယ်ကူ‌ေသးတယ်"

ဗိုလ်ချုပ်,သခင်မကလယ်လုပ်ဖို့ခေါ်နေတယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ