Ch-14

535 68 2
                                    

ကျန်းသောင်းသည်ဘယ်တုန်းကမှ  လူကောင်းတစ်ယောက်မဟုတ်‌ခဲ့ပေ။သူက ဆုချန်ကို မျက်နှာသာပေးရခြင်းသည် ဆုချန်နှင့် ခင်မင်ရင်းနှီးမှုကို အမှန်တကယ်ဂရုစိုက်လို့မဟုတ်ဘဲ၊ တစ်ယောက်ကို တစ်ယောက်မစော်ကားနိုင်‌ေသာကြောင့်ဖြစ်သည်။

ဒါပေ့မယ် ဒီကောင်မလေးကတော့ သူကိုလှည့်စားခဲ့တယ်! အရှုးတစ်ယောက်လို ကစားခဲ့သည်!

ဒါကြောင့် ဒီကောင်မလေးကို သင်ခန်းစာတစ်ခုမပေးဖို့ ဘယ်သူမှ မကူညီ‌နိုင်ပေ။

"အစ်ကိုကြီး၊ အဲ့ဒီကောင်မလေး....."

"သူမကို သင်ခန်းစာနည်းနည်းပေးလိုက်ပါ၊ ဘယ်လိုအလိုက်သင့်နေရမယ် ဆိုတာရယ် ပြီးရင် ပစ္စည်းတွေ ထားခဲ့ခိုင်းလိုက်"

အဲ့လိုမျိုးသာလုပ်ရမယ်ဆိုရင်
သူတို့လုပ်နိုင်တာပေါ့။

ဒီလိုမျိုးသင်ခန်းစာပေးတာမျိုးက သူတို့ကျွမ်းကျင်တဲ့ အရာပဲ။

သန်မာသောလူနှစ်ယောက်သည်
ဆုရှောင်ရှောင်ကို ဖမ်းရန် ခြေလှမ်းကြီးစွာနဲ့ လှမ်းလာခဲ့သည်။

နွားလှည်းသည် အရှိန်ပြင်းစွာနဲ့ မောင်းနိုင်သောမြင်းလှည်းမဟုတ်ပေ။ဒါကြောင့် ဆုရှောင်‌ေရှာင် သည်ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ရှောင်လွှဲလို့ မရဘူးဆိုတာသိလိုက်ရသည်။

မြေ‌ပြင်ပေါ်က အရိပ်ကို ကြည့်ကာသူမ  ဈေးကဝယ်လာတဲ့ ဝက်ခြေထောက်ကြီးကြီးကို ကောက်ကိုင် လိုက်ပြီး နောက်ဖက်ကို လှမ်းရိုက်လိုက်သည်။

မြန်ဆန်တိကျပြီး ကြမ်းတမ်းစွာနဲ့  အလယ်တည့်တည့်ကို ထိမှန်သွားခဲ့သည်။

သန်မာသောလူတစ်ယောက်သည် ပြင်းထန်စွာ လဲကျသွားပြီး သူ့ဦးနှောက်သည် မူးနှောက်နေပြီး သူမျက်လုံးက ကြယ်များကိုပင် မြင်နေရသည်။

ဒါပေမယ့် ထိုလှုပ်ရှားမူသည် တစ်ယောက်ကိုဘဲ တားဆီးနိုင်ပြီး နောက်တစ်ယောက်က ဆု‌ေရှာင်ရှောင်ရဲ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။

ဆုရှောင်ရှောင်က ဘာတစ်လုံးမှမပြောဘဲ ကန်သွင်းလိုက်သည်။

ဗိုလ်ချုပ်,သခင်မကလယ်လုပ်ဖို့ခေါ်နေတယ်Where stories live. Discover now