Ch -10

874 105 2
                                    

သင်ခန်းစာ(၂)

နျှိုတန်းသည် (Su pangya)ဆုရှောင်ရှောင်ကို မြင်လိုက်တာနဲ့ ချက်ချင်း မာနကြီးပြ‌ နေတာကို ရပ်လိုက်ပြီး လှည့်ကာထွက်ပြေးသွားသည်။

ဆုရှောင်ရှောင်သည် ကလေးသုံးယောက်ကို အိမ်သို့ခေါ်ကာ အဝတ်အစားနှင့်ဖိနပ်တို့ကို ဝတ်ဆင်ပေးလိုက်သည်။

ထိုကလေးသုံးယောက်သည် သူမထင်ထားတာတက်ပို၍ ပိန်ပါးသည်။ဒါ ပေမယ့်  ဝေ့ထင်နှင့်သူတို့အဝတ်အစားပုံစံကို ကြည့်ရတာ မစားနိုင်တဲ့ ပုံစံမရှိပါဘူး။ဒါဆို ဘာလို့ အဲ့လောက်ပိန်နေရတာလဲ?

"ဗိုက်ဆာနေလား?"လို့ မေးလိုက်သည်။
ချစ်စရာကလေးသုံးယောက်ကခေါင်းညိတ်လိုက်သည်။

"ငါ မင်းတို့စားဖို့ တစ်ခုခုလုပ်ပေးမယ်"လို့ပြောရင်း ဆုရှောင်ရှောင်သည် မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။

ချစ်စရာကလေးသုံးယောက်က လည်းနောက်ကလိုက်သွားပြီး နောက် ခြင်းတောင်းထဲရှိ ကြက်ဥကို စိုက်ကြည့်နေသည်။

"ဒါကိုစားချင်လို့လား?"လို့ မေးလိုက်သည်။သုံး‌ယောက်လုံးက ခေါင်းညိတ်ပြလိုက်သည်။

ဆုရှောငိရှောင်သည် တစ်ယောက်တစ်လုံးစီ သကြားကြက်ဥကို ပြုလုပ်ခဲ့သည်။

မီးဖိုအခန်းသည် မီးမွှေးထားသဖြင့် ပင်မအခန်းထက်ပို၍နွေးသည်။ဒါ‌ေကြာင့် ဆုရှောင်‌ရှောင်သည် ခုံတန်းရှည်တစ်ခု ယူလာပြီးမီးဖိုအခန်းထဲတွင် ကလေးသုံးယောက်ကိုထိုင်၍စားစေလိုက်သည်။

ထို့နောက် သူမသည် ဝေ့ထင်အခန်းထဲသို့ ဝင်သွားပြီးနိုးလိုက်ကာ" ဆေးသောက်ဖို့အချိန်ရောက်ပြီ"

ဝေ့ထင်သည်သူ၏မျက်လုံးကို ဝေဝါးစွာနှင့် ဖွင့်လိုက်သည်။

ဆုရှောင်ရှောင်သည် သူကို ထဖို့ ကူညီလိုက်ပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ဆေးနဲ့ သွေးခြေဥခြင်းကို သက်သာစေတဲ့ ဆေးကို တိုက်လိုက်သည်။

ဝေ့ထင် သည် အချိန်အတော်ကြာထိတိုင်အောင် မစားချင်သေးသောကြောင့် ပြန်အိပ်လိုက်သည်။

ထိုမြင်ကွင်းကို တံခါးဝကနေ ချောင်းကြည့်နေတဲ့ ချစ်စရာကလေးသုံးယောက်ကမြင်လိုက်ရသည်။သူတို့ တွေးမိတာက
ဒီနေ့မနက် ဘေးအိမ်က သူတို့မြင်လိုက်ရတဲ့ အမျိုးသမီးကို သတိရလ်ုက်သည်။
ထိုအမျိုးသမီးက နျှိတန်း၏အဖေကို ဆေးတိုက်‌ကျွေးသည်၊နျှိုတန်းကိုလည်း အဝတ်ဝတ်ပေးပြီး သကြားကြက်ဥကိုလည်း လုပ်ကျွေးခဲ့သည်။ပြီးတော့
နျှိုတန်းက သူမကို အမေလို့‌ခေါ်သည်။

ဗိုလ်ချုပ်,သခင်မကလယ်လုပ်ဖို့ခေါ်နေတယ်Where stories live. Discover now