Ch -13

938 101 6
                                    

ဆုရှောင်ရှောင်က ပြုံးပြီး ,"ဦးလေး‌ေသာင်း၊တိုက်ဆိုင်လိုက်တာ"။
သူမမှတ်ဉာဏ်ထဲတွင်ဤခန္ဓာကိုယ်ပိုင်ရှင်က ထိုလူကို ထိုသို့ခေါ်သည်။

ထိုလူ၏နာမည်ရင်းမှာ ကျန်းသောင်းဖြစ်သည်။လွန်ခဲ့သောနှစ်များက ထိုလူနှင့် ဆုချန် တို့သည် အစောင့်အကြပ်များဖြစ် ခဲ့ကြသည်။နောက်ပိုင်း တွင် အစောင့်အကြပ်ကို နားလိုက်ကြသည်။တစ်ယောက်က မြို့ရဲ့လူဆိုးဖြစ်လာပြီး နောက်တစ်ယောက်က ရွာရဲ့ အနှိင်ကျင့်တတ်သူဖြစ်လာသည်။

ပထမနှစ်အနည်းငယ်တွင် သူတို့နှစ်ဦးအဆက်အသွယ်ရှိကြသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ဝေးလာခဲ့သည်။

ကျန်းသောင်းသည် အလွန်ခံစားချက်ကောင်းနေသည် ၊သူမ ကဦးလေးသောင်း ‌ဟု ခေါ်သောကြောင့်ဖြစ်နိုင်သည်။သူက ပြုံးလိုက်ပြီး
" မင်းအဖေ နေကောင်းလား"လို့မေးလိုက်သည်။

ဆုရှောင်ရှောင်က" အရင်တိုင်းပါပဲ၊ ဦးလေးသောင်းကတော့ ပိုပိုပြီး တက်ကြွနေတာကို မြင်နေရတယ်"
ယဉ်ကျေးသိမ့်မွေ့စွာနှုတ်ဆက်ခြင်း၊စကားများများပြောခြင်းကစိတ်ရှည်ရှည်ဆဲွနိုင်ပါမလား လို့ တွေးတောနေမိသည်။

ဒါပေါ့ ကျန်းသောင်း မှာ စကားပြောရန် အချိန် မရှိပါဘူး၊သူက မရင်းနှီးသည့်အပြင် ဝဖြိုးနေတဲ့ သူမနဲ့ စကားပြောဖို့မဟုတ်ဘဲ စီပွားရေးလုပ်ဖို့ရှိနေတာ ဖြစ်သည်။

"တူမလေး၊မင်းအဖေက ငါနဲ့လည်းသိတယ်၊မင်းကလည်း ငါကို ဦးလေး လို့ ခေါ်တဲ့အတွက် ဒီနေ့ မင်းကို လွှတ်ပေးလိုက်မယ်။"

အဲ့လိုပြောပြီးနောက်၊ သူရဲ့အန္တရာယ်ရှိတဲ့ မျက်လုံးတွေကို လူအိုကြီးထံလှည့်ကာ"အဘိုးကြီး၊
ငါညီတွေက မကြာသေးခင်ကမှ
ငွေရှားနည်းနေလို့၊ ငါကို ပိုက်ဆံနည်းနည်းလောက်ချေးပေးလို့ရမလား?"

လူအိုကြီးလီထုန်သည် စိတ်ထဲကနေ ငြင်းဆိုလိုက်သည်။
နွားလှည်းထဲ တွင် သူ့မိသားစုရဲ့ပစ္စည်းသာမက ရွာသားတွေရဲ့ပစ္စည်းများလည်း ပါရှိသည်။လုယက်ခံရင် ပြန်လျော်ဖို့ ပိုက်ဆံမတတ်နိုင်ဘူး!။

အိမ်မှာ ချွေးမက ကလေး‌ေမွးတော့မယ်။သူ့မိန်းမက အိမ်က နောက်ဆုံးကျန်ကြက်နှစ်ကောင်ကို ရောင်းခိုင်းလိုက်သည်။ရတဲ့ငွေသည် ချွေးမကလေးမွေးရင် သုံးဖို့ အတွက်ဖြစ်သည်!

ဗိုလ်ချုပ်,သခင်မကလယ်လုပ်ဖို့ခေါ်နေတယ်Dove le storie prendono vita. Scoprilo ora