ch_17

826 105 10
                                    

ဝေထင်း ,ရှင်ရဲ့ သမာဓိကဘယ်လိုမျိုးလိုလဲ!!

သူခိုးကို ဘယ်တော့မှလက်ထက်မှာ မဟုတ်ဘူးဆို ပြီးတော့ သူခိုးတစ်‌ယောက်ကို အဖေလို့ ဘယ်တော့မှ အသိအမှတ်မပြုန်ိုင်ဘူးလို့ ပြောခဲ့တယ်လေ။

မျက်စိတစ်မှိတ်အတွင်း ရှင်ဘယ်လိုလုပ်ပြောင်းလဲသွားတာလဲ။

ဆုရှောင်ရှောင်သည် စကားမှမပြောနိုင်ပေ။

ဆုချန်က (အဖေ)ဆိုတာကို အရမ်းလက်ခံပြီး"သားမက် ဗိုက်ဆာနေပြီလား၊ ဒါဆို ငါတစ်ခုခု သွားချက်လိုက်အုန်းမယ်"

"မဟုတ်ဘူး...."ဆုရှောင်ရှောင်က တားချင် ပေမဲ့  ဆုချန်က လှည့်ထွက်သွားခဲ့ပြီးပြီ။

ဆုချန်သည် မီးဖိုချောင်ထဲသို့ ထွက်သွားပြီးနောက် ဝေထင်း၏မျက်နှာပေါ်ရှိအ ပြုံးသည်ပျောက်ကွယ်သွားပြီး ဘာမှမထူးခြားတော့ပေ။

ဆုရှောင်ရှောင်၏ဖောင်းကားနေသောမျက်နှာလေးသည် မဲမှောင်သွားပြီး"ရှင် ရည်ရွယ်ရှိရှိတမင်လုပ်တာ!!"

ဝေထင်းက သူမကို အေးစက်စွားကြည့်လိုက်ပြီး"မဟုတ်ရင် ?ငါက
မင်းရဲ့ခင်ပွန်းဖြစ်လိုစိတ်ရှိနေမယ်လို့တကယ်ထင်‌ေနတာလား?"

ဆုရှောင်ရှောင်ကသူသွားတွေကို အံကြိတ်လိုက်ပြီး" ရှင် အဲ့လိုမပေးနိုင်ဘူးဆိုရင် ကျွန်မလည်းလက်မခံနိုင်ဘူး၊ ကျွန်မ ရှင်ကို တရားရုံးဆီ ချက်ချင်းပို့လိုက်မယ်၊ရှင်ဘယ်လိုလုပ်လဲကြည့်ရအောင်!"

ဝေထင်းက အေးဆေးတည်ငြိမ်စွာနဲ့ ပြောလိုက်သည်"တစ်ရွာလုံးက ငါမင်းနဲ့လက်ထက်ထားတယ်ဆိုတာသိကြတယ် ။တရားရုံးရောက်ရင်  မင်းကို ထိခိုက်မိမှာမကြောက်ဘူးလား?"

ဘာလဲဟ?အိမ်ထောင်ရေးအကြောင်းကိုသူသိနေပြီးပြီလား။

ဆုရှောင်ရှောင်ကဒေါသတကြီးနဲ့" ဘာ‌လိုကြောက်ရမှာလဲ? အယူခံဝင်ဖို့သွားရုံပဲလေ!ကြောက်စရာလား!"

ဝေထင်း၏မျက်လုံးတွေက မောက်မာစွာ နဲ့ကြည့်လိုက်ပြီး"တကယ်လား?,ခုဏက အခန်းထဲမှာ ပုန်းနေရင်း အသက်ရှုမဝအောင် ငိုခဲ့တဲ့သူက ဘယ်သူလဲ?"

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Oct 08, 2023 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

ဗိုလ်ချုပ်,သခင်မကလယ်လုပ်ဖို့ခေါ်နေတယ်Opowieści tętniące życiem. Odkryj je teraz