ခဏကြာတော့ ရေနွေးအိုးကို အားကုန်သယ်ရင်း ပြန်ရောက်လာသည်။ ဦးဇင်းက စောင့်နေ‌တာမို့ အံ့ဩသွားသည့်ရုပ်လေးဖြင့် ကြည့်နေသည်။

"ဦးဇင်း ဘာလို့စောင့်နေတာလဲ၊ ညောင်းတာပေါ့"

"နိုင်ရော နိုင်ရဲ့လား ရေနွေးအိုးက"

"ရတယ် ဦးဇင်း၊ အေးဆေး၊ အရှေ့က သွား....အဲ ကြွပါ"

ဦးဇင်းက အရှေ့မှကြွကာ အနောက်ကနေ ဉာဏ်တစ်ယောက် ရေနွေးအိုးသယ်၍ လိုက်လာခဲ့သည်။

"ဦးဇင်းရေ တပည့်တော်တို့ ဆွမ်းလာကပ်တာလား၊ ပြာယာခတ်တာလား မသိတော့ပါဘူး"

ဂျူးက လက်အုပ်လေးချီကာ ရယ်ရင်း လျှောက်သည်။ ဉာဏ်ကတော့ ကပ္ပိယတစ်ယောက်လက်ထဲ ရေနွေးအိုးသွားထည့်ပေးပြီး ဦးဇင်းတို့အနားသို့ ပြန်ရောက်လာသည်။

"ဆရာတော်ဘုရားက ငါးခွဲဆို ဆွမ်းစဘုန်းပြီကြားတယ်၊ ဒကာမတို့ အားလုံးအဆင်သင့်ဖြစ်ပြီလား"

"တင်ပါ့ဘုရား၊ မနက်အစောတည်းက ဟင်းတွေ ဆွမ်းတွေ ချက်ယူလာခဲ့တာ ဦးဇင်း၊ အခုက ဆွမ်းဝိုင်းပြင်နေတာပါ"

"အဆင်ပြေရင် ဦးဇင်း ဆရာတော်ဘုရားနဲ့မှ အတူကြွလာတော့မယ်"

"တင်ပါ့ဘုရား"

သို့နှင့် ဦးဇင်းက ထမင်းချက်ဆောင်မှ ပြန်ကြွသွားတော့သည်။ ဉာဏ်က ယခုမှ ထရယ်ကာ....

"သားလမ်းမှာ ဦးဇင်းကို တည့်တည့်ဝင်တိုက်လာတာ မာမီ"

"နင်ဟာလေ...."

"ဟီးဟီး....သားကို ပြန်တောင်စောင့်ပေးနေသေးတယ်၊ ရေနွေးအိုးက ကြီးလိုက်တာ မာမီရယ်၊ သားမနည်းသယ်ရတယ်"

"စကားမများနဲ့တော့၊ ကြီးကြီးနဲ့ အချိုပွဲကူပြင်ပေး၊ သွား မြန်မြန်"

.
.
.
.
.
.

ကျောင်းရှိ သံဃာအချို့နှင့် ကျောင်းထိုင်ဆရာတော်အပါအဝင် ဣန္ဒြေသိက္ခာရှိစွာဖြင့် မနက်အာရုဏ်ဆွမ်းဘုန်းပေးနေကြသည်ကို ကြည်ညိုစွာဖြင့် ကြည့်နေကြသည်။ ဦးဇင်း သောမနဿနားတွင် နေလင်းထက်က မလှမ်းမကမ်း၌ ထိုင်နေပေးသည်။ လိုအပ်သည်များ ယူပေးနိုင်ရန်ဖြစ်သည်။

ညံနေအောင်ချစ်မည် (loving you out loud)Tempat cerita menjadi hidup. Temukan sekarang