Part.15

24.2K 2.4K 365
                                    

မိတ်ဆုံစားပွဲအတွင်း Alphaတွေအများဆုံးဖြစ်ပြီးPure Omegaဆိုလို့ထယ်ယောင်းတစ်ယောက်ထဲသာပါပါလိမ့်မည်။ဂျောင်ကုကဘေးနားထိုင်ကာအချိန် ပြည့်ဂရုစိုက်ပေးနေသောကြောင့်သိပ်တော့စိတ်အားမငယ်ရ။အထက်တန်းအသိုင်းအဝိုင်းကြားဝင်မဆန်ခဲ့သည်ကြောင့်ရှက်ကိုးရှက်ကန်းဖြစ်နေသောထယ်ယောင်းအားဂျောင်ကုဟင်းတွေတစ်မျိုးပြီးတစ်မျိုးမြည်းစမ်းကြည့်စေရန်ပန်းကန်ထဲသို့ထည့်ပေးတတ်သည်။ဂျောင်ကုလိုAlphaမျိုးဆီမှတစ်ရိပ်ရိပ်ကြည့်ကာဂရုစိုက်ခံနေရသောထယ်ယောင်းမှာ ကံအကောင်းဆုံးလူသားအဖြစ်
ဧည့်သည်တွေရဲ့အာရုံစိုက်ခံ ဖြစ်လာတော့သည်။

JEON STAR Company၏ လက်ရှိဥက္ကဌCEO
ဂျွန်ဂျောင်ကုမှာ MIN Tradingနဲ့အရောတဝင်
ဆက်ဆံရေးရှိသည့်အပြင် မင်အွန်းဆယ်နဲ့ပါစေ့
စပ်ကြောင်းလမ်ထားသည်မို့အနားကOmegaမှာ
ဒီအတိုင်းအနှောက်ဇယားသာဖြစ်ပါလိမ့်မည်။
သို့သော်ထိုသူတို့သည်မှာထယ်ယောင်းအားမျက်
လုံးဖြင့်တောင်ဆွေမကြည့်ရဲ။ ဘယ်သူမှအင်အား
ကြီးတဲ့Alpha နဲ့ထိပ်တိုက်ရန်မဖြစ်လို။

"စားပြီးပြီလား။ အ အီပြေအောင်သံပုရာလေး
သောက်လိုက်"

ထယ်ယောင်းရှေ့သံပုရာရည်ခွက်လေးချပေးတဲ့
ဂျောင်ကုရယ်။ အများသူစိမ်းတွေရှေ့ဒီလိုလေး
လုပ်ပေးရုံနှင့်ထယ်ယောင်းစိတ်ကိုအနည်းငယ်
သက်တောင့်သက်သာလေးဖြစ်စေတယ်။မျက်စောင်းထိုးဝိုင်းမှကင်မ်သူဌေးကြီးသည်လည်းသားငယ်ကောင်းစားတာမြင်ပြီးဝမ်းမသာတဲ့အပြင်မနာလိုမရူစိမ့်တောင်ဖြစ်မိပါသေး။ကင်မ်ထယ်ယောင်းအင်္ကျီမှာတပ်ထားတဲ့ပုလဲတစ်လုံးနဲ့တင်သူ့အကြွေးတွေအားလုံးချေလို့ရတယ်လေ။
ငွေတွင်းနူတ်ခမ်းပေါက်ဝရောက်မှကန်ထုတ်ခံလိုက်ရတာမလား။

"ဟိတ်..ဂျောင်ကု"

ချိုမြန်သာယာလေသောအသံလေးနဲ့အတူမိန်းက
လေးတစ်ယောက်ဂျောင်ကုအားနူတ်ဆက်လာတယ်။ထိုမိန်းကလေးမှာOmegaဖြစ်ဟန်ရှိပြီး
ခါးထိရှည်တဲ့အညိုရောင်ဆံပင်ကောက်ကွေး
ကြီးများဖြင့်စွဲဆောင်ညိူ့ယူမူ့အပြည့်။
ပြောမနာဆိုမနာသူငယ်ချင်များဖြစ်ကြပြီးကင်မ်
နာနာနဲ့ဂျွန်ဂျောင်ကုကတော့ကြောင်နဲ့ကြွက်လို
ပင်

Alpha Daddy(Completed) Tempat cerita menjadi hidup. Temukan sekarang