Part.20

23.2K 2.2K 186
                                    

မနက်မိုးလင်းသည်နှင့်ပုံမှန်အတိုင်းဂျောင်ကုအားကစားလုပ်ဖြစ်သည်။အခုတလောဂျောင်ကု
၏နေ့ရက်တွေကမစိုပြေ။အသဲအသက်လေးမှာ
အခုချိန်ထိစိတ်ကောက်နေပြီးဘာစကားတစ်ခွန်း
မှမပြောသည့်အ​ပြင်မတွေ့အောင်လည်းရှောင်
တတ်ပါသေးသည်။ဂျောင်ကုမှာတော့ထယ်ယောင်းစကားမပြောတဲ့ဒီသုံးရက်အတွင်းထိုင်ရ
မလိုထရမလိုနဲ့တစ်ကယ်နေမထိထိုင်မသာ။ပြော
ရမယ်ဆို...မမကြီးပြောဆိုသွားတာတွေကိုသူတောင်သိလိုက်သည်မဟုတ်။သိရင်တော့...
ထယ်ယောင်းလေးအပေါ်သူအတတ်နိုင်ဆုံးကာ
ကွယ်သွားမှာ။

အခုကျတော့...ပြသနာကြားထဲက ကိုယ်သာ
ခေါင်းထိုးခံရသလို။

မောင့်အပြစ်မှမရှိဘဲကွာ။

ဘာလို့ဒီလောက်တောင်ခါးခါးသီးသီးဖြစ်နေပါလိမ့်။

လေ့ကျင့်ခန်းလုပ်ပြီးသည်နှင့်ချွေးသုတ်သပတ်
တစ်ထည်အားပခုံးပေါ်ပစ်တင်ကာအောက်ဘက်သို့လှေကားထစ်တွေအတိုင်းဆင်းလာခဲ့တယ်။
ချွေးအလွန်ထွက်နေသည်မို့Alpha Phermones
စန္ဒကူးရနံသည်တစ်စိမ့်စိမ့်။စွပ်ကျယ်ချိုင်းပြတ်
အနက်ရောင်နဲ့ပေါင်ရင်းလောက်ရှိတဲ့ဘောင်းဘီ
တိုအနက်ကိုတွဲဝတ်ထားသည်ကြောင့်ပခုံးကျယ်ကြီး၊ခပ်တောင့်တောင့်လက်မောင်းကြီးများအပြင်
တောင့်တင်းသောပေါင်တံ ၊ကျစ်လစ်သောခြေ
သလုံးတွေကအထင်းသား။ခါးနေရာကလည်း
အလွန့်ကိုသိမ်မွေ့ပြေပြစ်ကာအားကောင်းမည့်
ပုံ။

Dominant Alphaတစ်ယောက်၏ပြည့်စုံသော
ရုပ်ပိုင်းဆိုင်ရာအပြင်အဆင်များဖြင့်ဂျောင်ကု
ကတံဆိပ်ရိုက်နှိပ်ခြင်းခံထားရသလို။ဂျောင်ကု
အောက်ထပ်ဧည့်ခံဆိုဖာပေါ်ထိုင်ပြီးအမောဖြေနေစဥ်
ထယ်ယောင်းအခန်းတံခါးလေးပွင့်အံလာရသည်။

မနက်စာစားဖို့ထွက်လာတဲ့ထယ်ယောင်း​ခြေလှမ်း
တွေကဂျောင်ကုကိုမြင်သည်နှင့်တုံကနဲ။

ပိုဖလံမျိုးမီးကိုတိုးပင်....
ပူလောင်ပြာကျပြီးသေမယ်ဆိုတာသိလျှက်နဲ့
တောင်မိုက်ရူးရဲဆန်ပြီးလောင်ကျွမ်းပစ်စရာ
ကောင်းတဲ့အထက်တန်း စားAlpha။

ဂျောင်ကုသေချာစိုက်ကြည့်နေသည်မို့အခန်းထဲ
လည်းပြန်ဝင်မရ။မျက်နှာလွှဲမသိချင်ယောင်ဆောင်ပြီးထမင်းစားခန်းဆီဦးတည်သွားပေမဲ့
လမ်းတစ်ဝက်အရောက်တွင်တော့ဂျောင်ကုက
သူ့နောက်ကျောကိုသိမ်းဖက်လာတော့သည်။
သန်မာသောလက်မောင်းကြီးတွေနဲထိန်းချုပ်ခြင်း
ခံထားရသည့်ယောင်းကိုယ်လေးကလူပ်မရပြုမရ။အပြင်းအထန်လေ့ကျင့်ခန်းလုပ်ထားသည်ကြောင့်
ဂျောင်ကုကိုယ်မှ ချွေးတွေရွှဲနစ်နေပြီး
Phermonesအနံခပ်ပြင်းပြင်းကိုလည်းထယ်ယောင်းရသည်။သို့သော်..ယာယီအမှတ်အသား
ပြုလုပ်ခံထားခံရခြင်း​ကြောင့်ဖိအားကတော့လုံးဝမရှိ။

Alpha Daddy(Completed) Where stories live. Discover now