Part.27

23.4K 2.2K 433
                                    

Green Ray ကော်ဖီဆိုင်ရှေ့မနက်တိုင်းတောက်
ပြောင်လဲ့နေသောကားနက်ကြီးတစ်စီးထိုးရပ်လာ
တတ်ပြီးနှပ်ကော်ဖီတစ်ခွက်အမြဲမှာသောက်လေ့
ရှိသည်။တော်ရုံတန်ရုံဘယ်တော့မှလည်းဆိုင်ထဲကိုမဝင်။ဆိုင်ပြင်မှာအကြာကြီးထိုးရပ်ထားသောကားကြောင့်စိတ်အနှောင့်အယှက်ဖြစ်သည့်တိုင်ဘယ်သူမှထိပ်တိုက်သွားမပြောရဲကျ။ဟိုက Dominat
Alphaလေ ကိုင်ပေါက်တစ်ချက်စာတည်း။ဒါ့အ
ပြင်ဒေါ်လာသိန်းဘီလီယံချီတန်တဲ့ကားကြီး၏အရှိန်အဝါကလည်းရှိသေး။ မျိုးရိုးမြင့်မြတ်ချမ်းသားမူ့ကအပေါ်ယံသဘောနှင့်ဆုံးဖြတ်ရင်တောင်ထိုလူကချမ်းသာလွန်းမှန်းသိသာလှတယ်။ထိုသည်နှင့် နေ့များစွာလူဆိုးကောင်၏ကားနက်ကြီးမှာထယ်ယောင်းအလုပ်လုပ်သောကော်ဖီဆိုင်ရှေ့သင်္ဘောကျောက်ချထားသည်အလားနည်းနည်းမှပင်မရွေ့တော့။

ထယ်ယောင်းမျက်စိဆံပင်မွှေးစူးနေသော်လည်း
သွားမပြောချင်။ပြန်မပတ်သတ်ချင်ပါဘူး၊ကိုယ့်
အကန့်နဲ့ကိုယ်နေ။ဟိုက လမ်းဘေးကားထိုးရပ်ထားတာ ကိုယ်ခေါင်းပေါ်ကားကြီးထိုးတင်ထားတာမှမဟုတ်တာ အနေသာကြီး။တစ်နာရီတစ်ခါတစ်ခုမဟုတ်တစ်ခု orderလှမ်းလှမ်းမှာသော်လည်းသွားပို့ရတဲ့လူက ဂျန်ဂူယောလေ သူမှမဟုတ်တာ။ဂျန်ဂူယောလည်းဂျောင်ကု ရောက်လာမှအနားမရသည်မို့အရင်လိုထယ်ယောင်းဘေးနားထိုင်ကာငမ်းမနေနိုင်တော့။

ပိုက်ဆံသိပ်ပေါတဲ့ ဂျွန်ဂျောင်ကု ကငွေစက္ကူပေါ်
လွမ်းတယ်၊ချစ်တယ်၊သတိရတယ်ဆိုတဲ့စာတမ်း
တိုများကိုချရေးပြီးထယ်ယောင်းဆီပို့ပေးနေတာတော့မပြတ်။ဂျန်ဂူယောကတုံးတုံးအ အကလေး
မလေးမို့တော်သေး၊နို့မို့ဆိုသူ့အကြောင်းတွေအား
လုံးသိကုန်တော့မှာ။

"ရော့..မုန့်ဖိုးပေးလိုက်တာ"

လက်ထဲထိုးထည့်ပေးတဲ့ပိုက်ဆံအထွေးလိုက်။
ဒီကောင်မလေးကလေ ဘယ်တော့မှပိုက်ဆံကိုဖြန့်
ဖျက်ကြည့်ပြီးမယူခဲ့ဘူး။ဟိုကအလုံးအထွေးပေး
လိုက်ရင်ဒီအထိပုံမပျက်ပန်းမပျက်လေးယူလာ
ခဲ့တာ။ပေးတဲ့လူနဲ့လက်ခံတဲ့လူ ကလိုက်နေရောပဲ။

"ကိုယ်တို့ရဲ့ကလေးလေးရှိပြီလား...."

ငွေစက္ကူပေါ်က စာလုံးလေးများကြောင့်ထယ်ယောင်းဒေါသကထောင်းကနဲ။ပြေးပျက်ပြီး
မျက်နှာချင်းဆိုင်သွားရှင်းပစ်လိုက်ချင်သော်
လည်းအဲ့မျက်နှာချောချောကြီးကိုမြင်ရင်စိတ်
ကအလိုလိုပြန်ပျော့သွားမှာလည်းကြောက်သေး။
ကလေးရမရသူ့အလုပ်လား။အကယ်၍ကလေးရခဲ့ရင်တောင် အဲ့ကလေးထယ်ယောင်းတစ်ယောက်
တည်းပိုင်တာ။နိမ့်ကျတဲ့Omega၏ သွေးသား
ကနေဆင်းသက်လာတဲ့ကလေးကဘယ်လိုလုပ်
အဲ့ရွှေကြီးမျိုးကြီးအသိုင်းအဝိုင်းနဲ့ထိုက်တန်ပါ့
မလဲ။

Alpha Daddy(Completed) Where stories live. Discover now