Part.10

22K 2.3K 481
                                    

အိမ်တော်ထဲကျွီကနဲကားထိုးရပ်လိုက်ပြီးသည့်နှင့်
ထယ်ယောင်းကိုလက်မောင်းကနေဆွဲကာဧည့်ခန်း
ထဲကဆိုဖာပေါ်ပစ်တင်လိုက်တဲ့ဂျောင်ကုရယ်။
အင့်ကနဲအသံလေးသာထွက်သွားတဲထယ်ယောင်း
ခများဂျောင်ကုအားမလွန်ဆန်ရဲ။

"အားလုံးအပြင်ခဏထွက်"

အမိန့်စကားကြောင့်ဟိုဒီရပ်ကြည့်နေသောအလုပ်သမားတစ်စုမှာခေါင်းငိုက်စိုက်ကာထွက်
သွားသလိုလက်ထောက်ဝူနဲ့အခြားAlphaသက်တော်စောင့်များမှာလည်းအိမ်ထဲမဝင်ရဲကျတော့။ပိတ်ထားတဲတံခါးပေါက်ကြီးရှေ့မှာအားလုံးကိုယ်ကိုမတ်ကာအသင့်အနေအထား။

ကြားသုံးကြားဆိုတံခါးကြားတောင်ညပ်မှာစိုးလို့
ဝင်မပါပါ။

Omegaထွက်ပြေးလွတ်မြောက်သွားပြီးဂျွန်ဂျောင်ကုဆိုတဲ့Alphaမှာယမ်းပေါ်မီးကျဖြစ်ပြီး လူအင်
အာအမြောက်အများသုံးကာမြေလှန်ရှာစေတယ်။ဒါတွင်ပဲလားဆိုတော့ မဟုတ်သေး...ရဲဌာနချုပ်အားငွေအလုံးအရင်းသုံးကာလူပျောက်ပင်ရှာခိုင်း
လိုက်သည်မို့အခုလိုခပ်မြန်မြန်ပြန်တွေ့လာခြင်းသာ။

ဧည့်ခန်းထဲမှာတော့အခြေအနေသိပ်မကောင်း။
မိုးသက်လေပြင်းမကျခင်လေငြိမ်နေသလိုသူတို့
နှစ်ယောက်၏ပတ်ဝန်းကျင်သည်လည်းအပ်ကျသံ
မျှမကြားရအောင်ငြိမ်ငြိမ်ဆိတ်ဆိတ်။ဆိုဖာပေါ်
ကြောက်သလိုရွံသလိုမျက်နှာပေးနဲထိုင်နေတဲ့လူက
တစ်ကယ်မကြောက်တတ်မှန်းဂျောင်ကုကောင်းကောင် သိတာပေါ့။

ကြောက်တတ်တဲ့လူကဒီလိုထွက်ပြေးပါ့မလား။

"ဒီအတိုင်းပဲပိတ်နေတော့မှာလား၊ပြောပါဦး...
အကြောင်ပြချက်လေးတစ်ခုလောက်"

ဂျောင်ကုကစီးကရက်ကို လက်နဲ့အုပ်ကာမီးညိူ
လိုက်တယ်။ဖြူဖွေးသောလက်ဖမိုးထက်အနက်
ရောင်တက်တူးတွေအထင်းသား။ထယ်ယောင်း
Tattoo ထိုးတာမကြိုက်ပါဘူး။ကိုယ်လဲTattoo
ထိုးတာမကြိုက်သလိုတက်တူးထိုးလဲလူတစ်ချို့
ကိုလည်းလူမိုက်လိုလို၊ဂိုဏ်စတားလိုလိုပေတေ
တေဂျစ်ကန်ကန်ရုပ်တွေမို့နှာခေါင်းရူံ့မိသေး၏။

သို့သော်...သူမုန်းတဲ့တက်တူးတွေကပင်ချစ်ရသူကိုယ်ခန္ဓာထက် ကြည့်ကောင်းစွာနေရာယူထား
ပြန်တယ်။

Alpha Daddy(Completed) Where stories live. Discover now