Part 29

23.3K 2.2K 284
                                    

သုံးရက်အတွင်းဂျောင်ကုပျောက်ချင်းမလှပျောက်နေခြင်းမှာအကြောင်းမဲ့တော့မဟုတ်။မိသားစုနဲ့
ထိပ်တိုက်တွေ့ဆုံပြီးစာရင်းရှင်းချင်သေးသည်
မို့ညကြီးမိုးချုပ်Flightနဲ့ပင်ဂျောင်ကုနိုင်ငံခြားသို့
ခရီးထွက်ခဲ့တယ်။တစ်နှစ်တစ်ခါတောင်မပြန်
ဖြစ်တဲ့မိဘတွေရဲ့အိမ်ကြီးကခြောက်ခြောက်ကပ်
ကပ်စီးကြိုလို့။ ဂျွန်မိသားစု၏တရားဝင်ဆက်ခံသူဖေဖေနှင့်မေမေသာဒီစံအိမ်ကြီးထဲနေခွင့်ရှိပြီးကျန်
တဲ့ဆွေမျိုးမောင်နှမသားချင်းတွေကတော့...
ခြံကျယ်ကြီးရဲ့ မနီးမဝေးတွင်ကိုယ်ပိုင်တိုက်အိမ်
များဖြင့်သာ။

ဂျွန်ဂျောင်ကုပြန်ရောက်ပြီဆိုသည်နှင့်အိမ်ထဲရှိ
အလုပ်သမားများမှာပြာယာခတ်သွားရပြီးဂျွန်
လူကြီးမင်းအားအ​ပြေးလေးသွားခေါ်တော့တယ်။
Ph တွေတစ်ဂွမ်ဂွမ်ဆက်တာတောင်မကိုင်တဲ့သား
ဆိုးသားမိုက်ကြီးကအခုလိုရုတ်တရပ်ကြီးဧည့်
ခန်းအလယ်ဘွားကနဲ ကိုယ်ရောင်ပြလာတော့မိဘနှစ်ပါးမှာထူးထူးဆန်းဆန်းတွေဖြစ်လို့။

"သားကအကြောင်းမကြားပဲရောက်လာတော့အမေတို့ကဘာမှကြိုတင်ပြင်ဆင်မရသေးဘူး။
သားအခန်းကနေ့တိုင်းသန့်ရှင်းရေးလုပ်ထားတော့ သန့်သန့်ရှင်းရှင်းပဲ။သားကြိုက်တဲ့ဟင်းတွေကိုတော့အမေ မနက်ဖြန်မှသေချာချက်ကျွေးမယ်၊ဒီမှာဘယ်နှစ်ရက်နေမှာလဲသား..."

မိခင်ဖြစ်သူက Aအဆင့်ရှိထိပ်တန်းOmegaတစ်
ယောက်ဖြစ်ပြီးအမြဲနူးညံယဥ်ကျေးသည်။အမေ
ပါးစပ်ကတစ်ပါးသူအားထိပါးနာကျင်တတ်သည့်စကားလုံးကြမ်းများပြောထွက်သည်ကိုလည်း
ဂျောင်ကုအခုထိ မအံသြမိဘဲမနေနိုင်။ထယ်ယောင်းစစပြောတုန်းကဆိုအမေကဒီလိုမျိုးပြော
ခဲ့တယ်ဆိုတာယုံရခက်မယုံရခက်နဲ့။

"မနက်ဖြန်မနက်ကျ ဆွေမျိုးတွေအားလုံးဒီခေါ်
လိုက်ပါ အမေ၊ကျွန်တော်ပြောစရာအရေးတကြီး
ကိစ္စလေးရှိလို့၊အခုတော့ပင်ပန်းနေပြီ...သွားနား
တော့မယ်"

ဂျောင်ကုပြောချင်တာပြောပြီးသည်နှင့်အပေါ်ထပ်
ကိုတန်းတက်သွားတော့သည်။ကျန်ခဲ့တဲ့ မစ္စJeon
မှာတော့ပြုံးနေတဲ့မျက်နှာကြီးမဲမှောင်လာပြီး
ပျက်ယွင်းစပြုလာ၏။ဂျွန်ဂျောင်ကုတစ်ကယ်အဲ့ကိစ္စကြီးကိုအသိပေးဖို့ဒီအထိပြန်လာခဲ့တာလား။

Alpha Daddy(Completed) Where stories live. Discover now