Part.6

21.2K 2.2K 386
                                    

ဆေးရုံကဆင်းဆင်းချင်းဆရာဝန်လေးပတ်ခ်ဂျီ
မင်းအားအကျိုးအကြောင်းပြောပြကာနူတ်ဆက်
ချင်သော်လည်းဆေးရုံမှာရှိမနေ။ဗိုက်ထဲကဘေ
ဘီပုစိလေးကြောင့်အလုပ်တစ်ရက်ခွင့်ယူထားသည်တဲ့။အကယ်၍ ပတ်ခ်ဂျီမင်းသာသူ့အနား
ရှိခဲ့ပါရင်အနည်းဆုံးတော့တိုင်ပင်ဆွေးနွေးလို့ရပါသေးသည်။အခုလိုဂျွန်ဂျောင်ကုနောက်မျက်နှာ
ငယ်ငယ်နဲ့လိုက်သွားမှာထက်စာရင်ကယ်ဆယ်
ရေးဂေဟာမှာသွားနေလိုက်သည်ကပိုကောင်း
ဦးမည်။အခုတော့ဘာမှရွေးချယ်စရာ
Choice တစ်ခုမှမရှိဘဲ အခြေအနေအရဂျွန်ဂျောင်
ကုဆိုတဲ့Alphaနောက်အထုပ်ပိုက်ရင်းကောက်
ကောက်ပါအောင်လိုက်ခဲ့ရတော့တယ်။

ချစ်လွန်းကြင်နာလွန်းလို့အနားခေါ်ထားသည့်
ပုံစံမျိုးမဟုတ်ဘဲ၊မလွှဲမရှောင်သာလို့တာဝန်ယူ
ထားသည်ဆိုတဲ့ခံစားချက်ကြီးကြောင့်ထယ်ယောင်းဘာတစ်ခုမှပြန်ပြီးစောဒကမတတ်ရဲ။

အနောက်ကခပ်ကုပ်ကုပ်လိုက်လာခဲ့သောOmega
၏ဖျော့တော့တော့ပုံရိပ်ကြောင့်ဂျောင်ကုစိတ်ထဲ
အာမလိုအားမရ။တက်တက်ကြွကြွမရှိ၊မသာ
မယာမျက်နှာပေးဖြင့်တစ်လူပ်လူပ်လျှောက်လာပုံကမသိရင် ကိုယ်ကပဲမကောင်းတဲ့လူလိုလိုဘာလိုလို။ရောင်းစားထားတဲ့သောက်သုံးမကျတဲ့မိဘတွေထက်စာရင်အများကြီးပိုကောင်းပေးနေတာပဲ။နည်းနည်းပါးပါးအလိုက်လေးဘာလေးသိပြီးပြုံးပြုံးလေးနေဦးမှာပေါ့။

အခုတော့..ရုပ်က​လေးနဲ့မှမလိုက်ကျက်သရေမရှိလိုက်ပုံများ။

ကားနားရောက်သည်နှင့် စူးစူးရဲရဲ ကြည့်လာ
သောဂျောင်ကုကြောင့်လက်ထောက်ဝူပင်တွန့်
ကနဲ။

"ကားထားခဲဲ့၊ဒီနေ့စောစောပြန်တော့"

Heatတက်လွယ်သောOmegaဘေးနားသူကလွဲ
တစ်ခြားAlphaမရှိစေချင်ပါ။

Pheromonesအနံအားတာဆီးရန်ယောင်ကိုင်း
ပျက်စီးနေသောGlandအရေပြားထက် အနံဖုံး
ပလာစတာကပ်ထားခဲ့သော်လည်းကင်မ်ထယ်
ယောင်းအမွှေးရနံကတစ်ထောင်းထောင်း။
ဒီလောက်မွှန်ထူနေ မှတော့ ဘယ်Alphကတောင့်
ခံနိုင်ပါ့မလဲ။
ချွင်းချက်အရ..သူကတော့အဲ့Alphaတွေနဲ့ ဘယ်တူနိုင်ပါ့မလဲ ။ဘယ်ကျားမှ သတ်သတ်လွတ်မစားဘူး၊ခပ်ပေါ့ပေါ့တန်တန်မနေစမ်းပါနဲ့... ကင်မ်ထယ်ယောင်း။

Alpha Daddy(Completed) Where stories live. Discover now