Part.24

25.1K 2.3K 351
                                    

လင်းတစ်လှည့်မှောင်တစ်လှည့်မီးရောင်တွေကြား
ကခုန်မြူးတူးနေသောလူတစ်စုကိုကြည့်ကာဂျောင်
ကုစိတ်ပျက်လာမိ၏။ပျော်စရာလေးရှိမလားလို့ဒီနေရာကိုလာမှပျော်စရာတစ်ကွက်မှမရှိဘဲစိတ်ရူပ်စရာတောင်ကောင်းသေး။ အရက်ခွက်ကိုလူပ်ရမ်း
ရင်းကပွဲကြမ်းပြင်ထက်အကြည့်ပို့မိပြီးစိတ်ကြိုက်သားကောင်ရွေးရှာသော်လည်းမတွေ့။

တော်ရုံအကြိုက်ပေါသည်သူ့နှလုံးသားသည်လည်း
ကင်မ်ထယ်ယောင်းနဲ့ကျမှအကျင့်ပျက်သွားပုံ။
ထယ်ယောင်းကလွဲဘယ်Omegaနဲ့မှဓာတ်မတည့်
ချင်တော့။
ဒီနေ့နဲ့ဆိုထယ်ယောင်းသူ့ကိုကျောခိုင်းသွားတာနှစ်
ရက်ရှိပြီ။Omegaဆိုသည့်အမျိုးကတစ်ယောက်
တည်းရှင်သန်ရပ်တည်ဖို့အားနည်းတယ်လေ။တစ်ကယ်တမ်းတော့ဒီထင်မြင်ယူဆချက်ကမှန်မနေ၊ထယ်ယောင်းမရှိလို့ရှင်သန်ခြင်းပျောက်ဆုံးနေတာသူ။

ရယ်ရတယ်မလား....
မရယ်ရလည်းရယ်လိုက်။

"ရောက်နေတာကြာပြီလား"

အသံနဲ့အတူဂျောင်ကုဘေးနားဝင်ထိုင်တဲ့ မင်ယွန်
ဂီ။ ဂျီမင်းနဲ့ပတ်သတ်ပြီးနှလုံးသားရေးရာအရူပ်
အရှင်းတွေကြောင့်သူတို့သူငယ်ချင်းနှစ်ယောက်
စကားကောင်းကောင်းမပြောဖြစ်တာကြာပြီ။အခု
လိုဂျောင်ကုဘက်ကစပြီးတွေ့ချင်တယ်လို့ပြော
လာသောအခါမင်ယွန်ဂီမနေသာတော့။ရှိသမျှ
ကိစ္စအားလုံးကိုပစ်ကာဂျောင်ကုချိန်းတဲ့Club
ဆီတန်းပြေးလာရတော့သည်။

ဒီရောက်တော့...မောင်မင်းကြီးသားကရေချိန်
လွန်နေပြီ။မူးနေပေမဲ့လူမှန်းသူမှန်းတော့သိသေး
လို့တော်သေး။

"မင်းကနောက်ကျလိုက်တာ"

"ငါကမင်းချိန်းတဲ့အချိန်တိုင်းကိုးနာရီတိတိရောက်
လာခဲ့တာကွ၊ဘယ်နေရာမှနောက်မကျဘူး"

မင်ယွန်ဂီကအချိန်လေးစားသူ..
ထိုလိုလူမျိုးကိုနောက်ကျသည်ဟုပြောလိုက်တာ
ကစော်ကားရာကျလွန်းတယ်။

"ဒါနဲ့....ဒီလောက်ကောင်းနေတာ ဘယ်အချိန်ကတည်းကရောက်နေတာလဲ"

"မိုးလင်းကတည်းက..."

ခပ်ထေ့ထေ့ပြုံးလာတဲ့နူတ်ခမ်းတွေကခါးသီးမူ့
ကိုချိတ်ဆွဲထားသလို။အမြဲတမ်းဘဝင်မြင့်ကာ
ထန်နေသည့်မျက်နှာထားကလည်းအခုတော့အရူံး
သမားတစ်ယောက်နှင့်တောင်ဆင်တူလှသည်။
မင်ယွန်ဂီကြည့်နေစဥ်မှာပင်...စီကရက်အားတစ်ချက်ရိူက်ကာခေါင်းမော့ပြီးမီးခိုးငွေ့တွေမူတ်ထုတ်လိုက်ပုံက စိတ္တဇဆန်ဆန်။

Alpha Daddy(Completed) Where stories live. Discover now