Part.13

21.1K 2.2K 349
                                    

ခပ်လေးလေးမျက်ခွံတွေကြောင့်ထယ်ယောင်းမျက်လုံးလေးမပွင့်တပွင့်။ပြင်းထန်လွန်းသောHeatတက်ခြင်း​ကြောင့်ထယ်ယောင်းတစ်ကိုယ်လုံးအားပြတ်နေပြီးခြေလက်ကလေးတွေတောင်ကောင်းကောင်းမလူပ်ချင်။

"နိုးလာပြီလား..."

အသံချိုချိုလေးကြောင့်ခေါင်းတစ်ဖက်စောင်းငဲ့
ကြည့်တော့နူးညံစွာပြုံးပြလာတဲ့ဂျီမင်း။တွေ့နေကျ
အတိုင်း ဂျူတီကုတ်တွေဘာတွေဝတ်မထား။ရိုးရိုး
တီရှပ်အပြာခပ်ပွပွကြောင့်ဗိုက်ကလေးပူတယ်လို့
တောင်မထင်ရ...သာမာန်လူအတိုင်းပဲ။

ဗိုက်ထဲက ကလေးလေးက မိန်းကလေးထင်၊ ဂျီမင်းမျက်နှာလေးကတစ်နေ့တစ်ခြားနုနုလာပုံများ။

"ဂျီ..သမီးလေးမွေးမှာထင်တယ်"

နိုးလာပြီလားမေးတာကိုသမီးလေးမွေးမယ်လို့
ထဖြေတဲ့လူနာ။အမေးတစ်ခြားအဖြေတစ်ခြား
ပေမဲ့ဂျီမင်းစိတ်မဆိုးရက်။ဗိုက်ပူပူလေးကိုပွတ်ကာ

"မင်ရောငါရောက...မိန်းကလေးလိုချင်တာ၊
ယောကျာ်းလေးဖြစ်လဲကိစ္စမရှိပါဘူး။ဒါငါတို့နှစ်
ယောက်ရဲ့သွေးသားလေးလေ၊ဘာလေးပဲ ဖြစ်ဖြစ်ချစ်မှာ"

ချစ်စဖွယ်ပြောတတ်တဲ့ဂျီမင်းမျက်နှာပေါ်မှာဖခင်စိတ်ဓာတ်အပြည့်။ဗိုက်ထဲက ကလေးလေးက
ကံကောင်းလိုက်တာ။ဂျီမင်းလိုအဆင်းရောအချင်း
ပါပြည့်စုံတဲ့လူဆီမှာမှသန္ဓေတည်လာရတာ။
ထယ်ယောင်း ထိုမမွေးသေးသောကလေးလေး
အကြောင်းတစ်စိမ့်စိမ့်တွေးကာမနာလိုဖြစ်ရပါ၏ ။

မေတ္တာဆိုတာအထုံရေစက်ပါမှခံစားသင့်ခံစား
ထိုက်တာပါလေ။တစ်ချို့သောမေတ္တာတွေကျ
ပြန်တော့လည်းအတုအယောင်။စစ်မှန်သော
မေတ္တာတရားကရွှေထက်တောင်ရှားပါးပါသေး
သည်။

"စစ်လားမေးလားလုပ်နေရအောင်ဘယ်သူကလူ
နာလဲ။အခုရော...ဘယ်လိုနေသေးလဲ။ခေါင်းမူး
တာတို့၊ဇောချွေးပျံလားပြီးအားနည်းတာတို့
ရှိသေးလား...ရင်ဘတ်ရောအောင့်လား"

ပတ်ခ်ဂျီမင်းကHeatတက်ခြင်း၏အကြွင်းအကျန်
လက္ခဏာများကိုမေးလာသည်။ဘာမှသိပ်မခံစား
ရတော့သည်မို့ထယ်ယောင်းခေါင်းသာခါပြလိုက်
တော့သည်။

Alpha Daddy(Completed) Where stories live. Discover now