Part.30

26.2K 2.2K 185
                                    

ထယ်ယောင်းအိမ်မက်တစ်ခုကိုမက်နေမိသည်။
ထိုအိမ်မက်ကြီးကနွေကန္တာရကြီးနဲ့တူလှပြီးပူပြင်း
​​ခြောက်သွေ့ကာအဆုံးအစရယ်တိတိပပမရှိ။
မရှင်းမလင်းအမြင်အာရုံတွေရဲ့ကြားသဲမုန်တိုင်း
အလယ်မတ်မတ်ရပ်နေသောမေ့မေ့ပုံရိပ်ကဝိုး
တစ်ဝါး။မေမေ၏နုနယ်လှပသောမျက်နှာလေးထက်အပြုံးတစ်ခုချိတ်ဆွဲထားပြီးမျက်ဝန်းပြာတွေကတော့နာကျင်မူ့အပြည့်။နာကျင်ခြင်း၊ဝမ်းသာခြင်းနှစ်မျိုးလုံးသည်မေ့မေ့မျက်နှာပေါ်တွင်ရော
ထွေးကာတည်ရှိလျှက်။ဘဝပေးအခြေအနေတွေကြောင့်နာကျင်စရာတွေရှိခဲ့ပေမဲ့အပြုံး
မပျက်ဘဲရင်ဆိုင်နိုင်ခဲ့တယ်။ဖြူဖျော့သောနူတ်
ခမ်းပါးများဖြင့်ထယ်ယောင်းအားတောင်းပန်သလိုစကားတစ်ခွန်းဆိုပြီးနောက်သဲမုန်တိုင်းအလယ်​ခြေဗလာဖြင့်တိုးဝင်ပျောက်ကွယ်သွား၏။

"မား...မားမား..."

ထယ်ယောင်းကလေးတစ်ယောက်လိုပင်အော်ဟစ်
ငိုရင်းမားနောက်ကိုပြေးလိုက်ခဲ့ပေမဲ့မမှီလိုက်။
လိုက်လေဝေးလေ.. နောက်ဆုံးခြေကုန်
လက်ပန်းကျကာ ​ သဲပြင်ပူပူပေါ်ငုတ်တုပ်ထိုင်
လက်လျှော့လိုက်ချိန် ဖြူဖွေးသောခြေထောက်တစ်စုံကမျက်စိရှေ့ရောက်ချလာသည်။ထယ်ယောင်းမော့ကြည််လိုက်စဥ်မောင်ဖြစ်နေပြီးပြုံးရွှင်စွာပင်ထယ်ယောင်းအားလက်တစ်ဖက်ကမ်းပေးလာတယ်။သဲမုန်တိုင်ကြားမောင့်ဆံပင်တွေရူပ်
ပွကာ အင်္ကျီအဝတ်အစားတွေကလည်းတစ်လွင့်
လွင့်။စန္ဒကူးရနံသင်းသင်းလေးကိုသူရလိုက်တယ်။ထို့နောက်...ထယ်ယောင်းယုံကြည်စွာပင်ထိုကမ်းပေးလာသောမောင့်လက်တစ်ဖက်အားဆုပ်
ကိုင်လိုက်သည့်နောက်၊မောင်သည်လည်းရုတ်တရပ်ဆန်စွာဖြူဖျော့ပျောက်ကွယ်သွားပြန်၏။

"မောင်...မောင်..."

"မောင်ရှိတယ်လေ..ယောင်းရဲ့၊မောင်...ဒီမှာ"

ရုတ်ချည်းသတိမေ့နေရာမှ အိမ်မက်ဆိုးမက်သူ
ပမာအော်ဟစ်လန့်နိုးလာတဲ့ထယ်ယောင်းရယ်။မျက်ရည်တွေဝိုင်းကာတစ်ကိုယ်လုံးတုန်ရီနေပြီးဆောက်တည်ရာမရ။ဂျောင်ကုထိုအားနည်းနေသောကိုယ်လုံးလေးအားရင်ခွင်ထဲဆွဲဖက်ထားလိုက်ပြီးကျောပြင်သေး​သေးလေးအားခပ်ဖွဖွပွတ်သပ်ကာချွေးသိပ်စေလိုက်တယ်။ဆန္ဒအရလည်းသူ့ခန္ဓာကိုယ်ကခပ်သင်းသင်းPheromonesအနံတွေကိုပို​ထုတ်လွှင့်မိလိုက် ၏။
ခပ်ဖျော့ဖျော့စန္ဒကူးရနံတွေကထယ်ယောင်းပတ်ဝန်းကျင်တွင်ဝေ့ဝဲရစ်သိုင်းပြီးလုံခြုံနွေးထွေးတယ်လို့ခံစားရစေတယ်။

Alpha Daddy(Completed) Where stories live. Discover now