Part.16

21.1K 2.2K 309
                                    

အိမ်မှာနေပြီးအားလပ်ချိန်မှာတော့ထယ်ယောင်း
ဒီတိုင်းမနေ။အပျင်း​ပြေရန်အတွက်phတစ်လုံး၊
Laptop တစ်ခုကိုထယ်ယောင်းစိတ်ကြိုက်သုံးပိုင်
ခွင့်ပေးထားတယ်။ထို့သို့သောအချိန်မျိုးမှာ...
ထယ်ယောင်းအရင်ဆုံးရှာမိတာ Uni website
ဖြစ်ပြီးကျောင်းခေါ်ချိန်ပျက်ကွက်မူ့များဖြင့်
ထုတ်ပယ်ခြင်းကိုခံထားရသည်။ပညာရေးအတွက်
ထယ်ယောင်းအများကြီးအားစိုက်မထုတ်ထားသော်လည်းပုံမှန်လူတွေလိုအနည်းဆုံးဘွဲ့တစ်ဘွဲ့
ရနိုင်လောက်သည်ဟုခန့်မှန်းထားတာ။အခုတော့
ဘွဲ့မရတဲ့အပြင်ကျောင်းကပါအထုတ်ခံလိုက်ရ၏ ။ Screenထက်ကသူ့နာမည်စာရင်းကိုအချိန်တစ်
ခုကြာသည်အထိကြည့်နေမိပြီးမတတ်သာသည့်
အဆုံးLaptopအားပိတ်ချလိုက်တော့သည်။

ဆေးစားဆေးလိမ်းရင်းနဲ့သူ့ဒဏ်ရာမှာအမြန်
ကျက်လာပြီးတားဆေးဖိနှိပ်ဆေးတွေကြောင့်လည်းHeatကအရင်လောက်နီးကပ်မနေတော့။
ရုတ်တရပ်Heatဝင်ခြင်းကိုကာကွယ်ရန်တော့
inhibitor ကိုအမြဲဆောင်ထားလိုက်ရုံ။Gland
အရေပြားကလည်းတစ်ဖြည်းဖြည်းအနာကျက်
လာပြီးနဂိုပကတိပြန်ဖြစ်လာသည်။ထို့သို့အဖက်
ဖက်မှကျန်းမာရေးကောင်းမွန်လာသည့်တိုင်ထယ်
ယောင်းပျော်မနေ။ရှေ့ရေးကိုတွေးပြီးရင်တမမ။

ကျန်းမာပြီးနေလို့ထိုင်လို့ကောင်းလာတာနဲ့သူက
ဒီအရိပ်အာဝါသကိုစွန့်လွှတ်ရမှာ။ဒီသုံးလတာကာ
လအတွင်းဂျောင်ကုနဲ့သူတော်တော့်ကိုရင်နှီးခဲ့တယ်လို့ဆိုရမည်။ဂျောင်ကုကလည်းသူ့ကိုတစ်ခါ
တစ်ခါအသားယူတာကလွဲဘာမှအဆင့်မတက်ခဲ့။
သူကလည်း..ဂျွန်ဂျောင်ကုဆိုတဲ့Alphaအားတိတ်
တခိုးချစ်နေရုံကလွဲဘာမှ မမျှော်လင့်ခဲ့။ဒီအတိုင်း
လေးရေလိုက်ငါးလိုက်သာ။ဘာမှမပြောင်းလဲခဲ့
ပေမဲ့..ဂျောင်ကုဆိုတဲ့အမည်နာမအစာမောင်ဆိုတဲ့
နာမ်စားကိုမြတ်မြတ်နိုးနိုးခေါ်ဝေါ်သုံးစွဲတတ်လာ
တယ်။ထယ်ယောင်းပါးစပ်ကမောင်လို့ထွက်ကျ
တိုင်းလည်းဂျောင်ကုမျက်နှာထက်အပျော်တို့က
ဖုံးမရဖိမရ။နောက်ပြီး...အဲ့လိုအချိန်မျိုဆိုဂျောင်ကုကအမြဲသဘောကောင်းနေတတ်ပြီးထယ်ယောင်သုံးဖို့မုန့်ဖိုးတွေတောင်ပေးသွားတတ်သေး။
အဲ့မုန့်ဖိုးတွေစုထားသည်မှာ  ထယ်ယောင်းထွက်
သွားရင်တောင်တစ်လစာလောက်လောက်ငှငှသုံး
နိုင်ပါသေးသည်။
ထွက်သွားမည်လို့တွေးလိုက်တာနဲ့စိတ်ထဲဘယ်
လောက်မွန်းကျပ်မိသလဲ။ဂျောင်ကုနားနေရတဲ့
ရက်ရှည်များလာတာနဲ့အမျှလက်​ထောက်ဝူ
ကဲသို့သောလူမျိုးတွေနှင့်လည်းခင်မင်လာရသည်။
တီးခေါက်ကြည့်မိသလောက်ကတော့...မောင်က
လေ   စံပယ်ပန်းရနံကိုသိပ်မြတ်နိုးတာပဲတဲ့။ပတ်
ဂျီမင်းပေါ်လည်းချစ်စကားသာမဆိုခဲ့သာအထိခိုက်မခံလောက်အောင်ရူးရူးမူးမူးချစ်တာတဲ့။
မင်ယွန်ဂီလက်ထဲထည့်ခဲ့တာလည်းပတ်ခ်ဂျီမင်း
ပျော်တာမြင်ချင်လို့တဲ့။

Alpha Daddy(Completed) Where stories live. Discover now