Near the Love 55

563 34 2
                                    

Uni

ရောက်လာသောပါဆယ်ဘူးထဲတွင် စာတစ်စောင်...
'ဒါလေးဝတ်ပြီး အဆင်သင့်ပြင်ထားနော် ၇နာရီရောက်ရင် Driverလာခေါ်လိမ့်မယ် လိုက်ခဲ့နော်...ကိုယ်က အရေးကြီး ဧည့်သည်နဲ့ချိန်းထားတာကြောင့် အိမ်မပြန်တော့ဘဲ တန်းလာခဲ့မှာမို့..'

အရေးကြီး ဧည့်သည်ဆိုတာ ဟိုအမျိုးသမီးကိုပြောမှန်း ထူးစစ်သော် သိသည်။ တပူးပူး တတွဲတွဲနဲ့ ခဏခဏတွေ့ရတော့ လူကစိတ်မကြည်ချင်တော့။

ခုလဲ ဘာကိစ္စတွေအဲ့လောက်အရေးကြီးနေကြလဲမသိ။ အနောက်ကလိုက်ချောင်းချင်ပင်မဲ့ လွန်းထက်သာ သိက္ခာထိမှာလဲစိုးရိမ်သည်။ မယုံတာမဟုတ်သော်ငြား ခုခေတ်က သိတဲ့အတိုင်းပဲလေ....

အချိန်လဲရနေသေးတာကြောင့် ထရမဲ့အချိန် Alarm ပေးကာ တစ်ရေးလောက်အိပ်လိုက်တော့သည်။
.
.
.
Alarm သံကြောင့်နိုးလာပြီး ရေမိုးချိုးပြင်ဆင်ကာ အောက်ထပ်မှာစောင့်နေလိုက်သည်။
၇နာရီကျတော့ကားလာကြိုသည်။

လာကြိုသည့်အတိုင်းလိုက်သွားလိုက်ပြီး လမ်းခုလတ်လဲရောက်ကော...အရှေ့ကနေပိတ်ရပ်လိုက်သော ကားတစ်စီးကြောင့် driver လဲ ဘရိတ်အမြန်အုပ်လိုက်ရသည်။

အရှိန်ကြောင့် ထူးစစ်သော် လဲ အရှေ့ကိုထိုးယိုင်သွားလေသည်။

အရှေ့ကိုကြည့်လိုက်တော့ baseball ဒုတ်ကိုယ်စီကိုင်ကာ ဆင်းလာသောလူတစ်စု....

ရုတ်တရက်ကြောင့် ထူးစစ်သော် လဲ ကြောင်သွားလေသည်။ ရှေ့က driver ကလဲ.,.
"အစ်ကိုလေး....ဘယ်...ဘယ်သူတွေလဲ မသိဘူး"

တုန်ရင်နေသော အသံနှင့်ပြောလာသော driverကြီးကိုကြည့်ရင်း ထူးစစ်သော် သက်ပြင်းချကာ
"အထဲမှာပဲနေ...ကျွန်တော် သွားရှင်းလိုက်မယ်" ဆိုပြီး ကားတံခါးကိုဖွင့်ကာ ထွက်သွားလေသည်။

ကားပေါ်ကဆင်းလာသူက ၇ယောက်လောက်ရှိပြီး လက်ထဲတွင်လဲ တုတ်ကိုယ်စီနှင့်...
"ဘာကိစ္စလဲမသိဘူး"
ထူးစစ်သော် မေးတော့ ထိုလူအုပ်ထဲက သူတစ်ယောက်က
"မင်းလား ထူးစစ်သော် ဆိုတာ..."

"ဟင်....ဘယ်လို"
"ကြာတယ်...သူ့ကိုရအောင်ခေါ်သွားမယ်" ဆိုပြီး ထူးစစ်သော် ကို စတင်တိုက်ခိုက်တော့သည်။

Near the love (Complete)Where stories live. Discover now