Near the love 10

1K 65 2
                                    

Uni

"baby ထတော့လေ နေမြင့်ရင် ခေါင်းကိုက်နေမယ်"

Death လာနှိုးမှ ထူးစစ်​သော် နိုး​​တော့သည်။ ချက်ချင်းမထချင်​​သေးဘဲ ဟိုလှိမ့်ဒီလှမ့်လုပ်​နေ​သော​​ကြောင့် Death မှာသ​ဘောကျကာရယ်မိ​တော့သည်။

ဒီလိုအပြုအမူ​တွေ​ကြောင့် Baby လို့​ခေါ်ပြန်ရင်လဲ သူ​လေးက စိတ်ဆိုးကာမျက်နှာကြီးရဲတတ်လာ​​လေသည်။

"ထ​​တော့ကိုယ်​အောက်မှာ​စောင့်​နေမယ်​​နော်...."

အိပ်ချင်တာမ​ပျောက်သေး​သော​​ကြောင့် ထူးစစ်​သော်ရန်မ​တွေ့အား....ဒါ​ကြောင့် Death လဲခံသာသွား​လေသည်။

Death ထွက်သွား​တော့မှ ထူးစစ်​​သော် လဲ​ရေချိုးခန်းထဲဝင်သွား​တော့ သွားတိုက်တံ​ပေါ်က သွားတိုက်​ဆေးကပါအဆင်သင့် ....

အမြင်ကတ်​သော​ကြောင့် ထည့်​ပေးထား​သောသွားတိုက်​ဆေးကို​ဆေးချလိုက်ကာ အသစ်ထည့်ပြီးတိုက်လိုက်သည်။

ရေချိုးအဝတ်လဲကာ အောက်ထပ်ကိုဆင်းဖို့တံခါးဖွင့်​ကော အနက်​ရောင်ဝတ်စုံနဲ့လူနှစ်​ယောက်က စောင့်​နေ​သော​​ကြောင့် ရုတ်တရက်တို့ ထူးစစ်​သော်လဲ လန့်သွား​လေသည်။

"အောက်မှာ ဆရာ​စောင့်​နေပါတယ်...." ထိုလူနှစ်​ယောက်မှာ  ရှေ့တစ်​ယောက် နောက်တစ်​ယောက်ဖြင့် ထူးစစ်​သော်ကို ကြားညှပ်ကာ ခေါ်လာ​လေသည်။

ထမင်းစားခန်းထဲ​ရောက်​တော့ အကြိုက်ဖြစ်တဲ့မုန့်ဟင်းခါး​ကြောင့် ထူးစစ်​သော် ပြုံးမိသွား​လေသည်။

ဒီအပြုံး​လေးကိုမြင်​တော့ Death ငေးမိသွားသည်။
'မင်းကသူနဲ့သိပ်တူတာပဲ ......တစ်ခုပဲမင်းက တိုက်ရည်ခိုက်ရည်​ကောင်းတယ်။'

မုန့်ဟင်းခါးကိုတီး​နေ​သော ထူးစစ်​သော်မှာ ရှေ့ကသူဘာ​တွေး​နေလဲ...သူမသိရှာ....

"ကောင်းလိုက်တာ...ဒါနဲ့ဘာလို့ငါ့ကိုဖမ်းထားတာလဲ...."
ခပ်ရွဲ့ရွဲ့ပြုံးလိုက်​သော Death ကိုကြည့်ရင်း ထူးစစ်​သော်စိတ်ထဲ
'ဒီလို ရုပ်ရည်​တော့မဆိုးဘူး...တစ်ခုပဲ စိတ်ကရူး​နေတာ....'

"ဖမ်းထားတယ်လို့မ​ခေါ်ဘူး baby ရ ..... baby ကို အေး​အေး​ဆေး​ဆေး​နေစေချင်လို့ ခေါ်ထားတာ...."
"Baby လို့မ​ခေါ်စမ်းနဲ့ ငါကြက်သီးထတယ် ..... "

Near the love (Complete)Where stories live. Discover now