Near the Love 54

506 37 0
                                    

Uni

"အစ်ကို....ဒါကဘယ်လဲ..."

မနက်စောစောအပြင်သွားဖို့လုပ်နေသူကြောင့် ထူးစစ်သော် မေးလိုက်လေသည်။
"အလုပ်ကိစ္စပါ....အရေးကြီးလို့..."
"ဟင် ခုမှ ၇နာရီခွဲပဲရှိသေးတာလေ"

"ဟုတ်တယ်...အရေးကြီးလို့ပါ...ကိုယ်နောက်ကျမှာမို့ ညစာမစောင့်နဲ့စားနှင့်နော်..." ဆိုကာ ပါးကိုအနမ်းပေးရင်းထွက်သွားလေသည်။

ဒီနေ့မှ ထူးစစ်သော် စိတ်ထဲလေးလံနေသလိုခံစားရလေသည်။ ဘာဖြစ်လဲမပြောတတ်ပင်မဲ့ သိပ်တော့ဘဝင်မကျလှ....

ကိုယ်လဲစခန်းသွားဖို့ရှိတာမို့လို့ မစဥ်းစားတော့ဘဲ ရေချိုးဖို့လုပ်လိုက်တော့သည်။
.
.
.
ကိစ္စပြီးတာနဲ့ စခန်းကနေအိမ်တန်းပြန်လာဖို့လုပ်သော်လဲ အသုံးအဆောင်ပစ္စည်းတစ်ချို့ကုန်နေပြီမို့ Market တွင်ဝင်ဝယ်ရန်ဆုံးဖြတ်လိုက်သည်။

လိုတာတွေဝယ်ရင်း ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ ခြေစုံရပ်မိသွားသည်။

ထိုဆိုင်ထဲတွင် ရင်းနှီးနေသောလူတစ်ယောက်ကြောင့် ထူးစစ်သော် ကြည့်မိတော့
လွန်းထက်သာ ရှေ့တွင် အတူတူထိုင်နေသော အမျိုးသမီးတစ်ယောက်....

ခေတ်ဆန်ဆန်ထိုအမျိုးသမီး၏ ပုံစံက ကြည့်လို့ကောင်းပြီး ချောမောလှသည်။

ဘာတွေပြောပြီး ရယ်မောနေကြလဲ မပြောတတ်။ သူတို့အချင်းချင်းပြောနေတဲ့စကားက အဲ့လောက်တောင်ရယ်စရာကောင်းနေကြလား....

ဆက်မကြည့်ချင်တော့တာနဲ့ ထူးစစ်သော် လဲ Market ထဲကထွက်လာလိုက်တော့သည်။

သို့သော် စိတ်ထဲတွင်တော့ အခဲမကြေဖြစ်နေမိသည်။
.
.
.
ခုလဲ ၉နာရီကျော်တာတောင် အိမ်ပြန်မရောက်သေးသူကြောင့် ထူးစစ်သော် ဒေါပွလာသည်။

ဖုန်းဆက်ချင်သော်လဲ မိမိဖုန်းဆက်လို့ ပြန်လာတယ်ဆိုတာမဖြစ်စေချင်သောကြောင့် မဆက်ဘဲနေလိုက်သည်။

မိမိဖုန်းမဆက်ဘဲ ဘယ်အချိန်ထိနေမလဲ ကြည့်ကြသေးတာပေါ့....

ဧည့်ခန်းထဲမှာ TV ကြည့်ရင်း ထူးစစ်သော် လဲစောင့်နေလိုက်သည်။
.
.
.
ကားသံကြောင့် ထူးစစ်သော် လဲနိုးလာကာ နာရီကိုကြည့်လိုက်တော့ ၁၁နာရီပင်ထိုးနေလေပြီ....

Near the love (Complete)Where stories live. Discover now