Near the Love 40

598 38 12
                                    

Uni

တစ်ဖွဲ့သားလုံး ငြိမ်ကုတ်နေတာတော့အမှန်ပင်။ ဟိုတစ်ခါက လူသစ်တစ်ဖွဲ့ ဖြတ်ခုတ်တာခံထားဖူးသလို ခုလဲ အဲ့လူသစ်အဖွဲ့က ထက်ဖြတ်ခုတ်သွားတာပင်။

ဟိုတစ်ခါမမိလို့ဆိုပြီး စုံစမ်းတဲ့သူတွေကို အပြစ်ပေးထားတာမှမကြာသေး ခုလဲ ထက်ဖြစ်ပြန်လေသည်။ ဒီတစ်ခေါက်က အရင်လောက်မများသော်လဲ Death သိက္ခာကို ထိလာနေပြီ။

"လူသစ်သာပြောတာ လုပ်ပုံတွေက သူတို့နောက်မှာ တစ်ယောက်ယောက် Control ပေးနေတာဖြစ်လောက်တယ်။"
"ဖြစ်လောက်တယ်တဲ့လား။ ခုလိုချိန်မှာတောင် ခန့်မှန်းချက်တွေပဲရနေတာ မင်းတို့$သုံးမကျတာကော မရှက်ဘူးလား ဟမ်!!"

"တောင်းပန်ပါတယ်"
တပည့်တွေရဲ့သံပြိုင်အသံကို ကြားသော်လဲ Death တစ်ကယ်ကို စိတ်ရှုပ်နေပြီ...ခေါင်းကလဲ ထိုးကိုက်လာတာကြောင့် အားလုံးကို ထွက်သွားရန် ပြောလိုက်ပြီး တစ်ယောက်ထဲနေခဲ့တော့သည်။

ခုတလော ဘယ်အရာကမှ အဆင်မပြေတာကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေရတာတော့ အမှန်ပင်။

ခုလဲ အကိုက်အခဲပျောက်ဆေး နှစ်လုံးလောက်ကို တစ်ပြိုင်ထဲသောက်ချပြစ်လိုက်လေသည်။
ဒါတွေ Roshan သိလို့မဖြစ်သေး။ သူလဲ ခုတလောမအားတာကြောင့် ဖုံးထားနိုင်တာပင်။ မဟုတ်ရင် သူ့ကိုဖုံးထားမရဘူး...မပြောရင်တောင် သူက ကိုယ့်ကိုကြည့်တာနဲ့ တန်းသိသည်လေ......
__________________________

Shopping ထွက်ချင်ပါတယ်ဆိုသော ကလေးကြောင့် ဒီနေ့ပိတ်ရက်ကို နှစ်ယောက်သား Shopping ထွက်လာခြင်းဖြစ်သည်။ မနက်စာကိုလဲ အပြင်မှာ စားလိုက်လေသည်။ ခုတော့ center တစ်ခုလုံးကို ပတ်နေသောကလေး။

သူ့အတွက်ကြီးပဲလားဆိုတော့မဟုတ် မိမိအတွက်ကော အိမ်က အလုပ်သမားတွေအတွက်ရောတဲ့ လက်ဆောင်ပေးချင်တာတဲ့....

"ကိုကို ဒါလေး ကိုကိုနဲ့လိုက်တယ်။" ဆိုကာ Necktie ကြက်သွေးတစ်ခုကို ကိုယ်တိုင်လာစည်းပေးလေရဲ့....

ဆိုင်ဝန်ထမ်းတစ်ချို့ရဲ့ အကြည့်တွေရသော်လဲ အရှေ့က ဂရုတစိုက် စည်းပေးနေသူလေးရဲ့ နှာဖူးပြင်က နမ်းချင်စရာဖြစ်နေသောကြောင့် တစ်ချက်မွှေးကြူလိုက်သည်။

Near the love (Complete)Where stories live. Discover now