Near the love 7

1K 70 0
                                    

Uni

မီးဖိုချောင်ထဲ လှုပ်လှုပ် လှုပ်လှုပ်လုပ်နေသော ကောင်လေးကိုကြည့်ရင်း ဇေရဲမာန် ပြုံးမိပြန်သည်။

မီးဖိုချောင်ဝင်တာ စိတ်မချလို့မဝင်ခိုင်းတာကို ပြောမရတော့ပေ။ လက်ဓားရှမှာကို သိပ်ဆိုးရိမ်ပင်မဲ့ သူလေးစိတ်ချမ်းသာတာကိုမြင်တော့ မတားရက်ပြန်ရော။

"ဟာ...ကိုကိုနိုးပြီလား...လာလေ..."
လက်က ဟင်းချိုပန်းကန်ကို ခုံပေါ်တင်လိုက်ပြီး ....
"ရေညှိဟင်းချိုလေ..ကိုရီးယားကားထဲမှာတွေ့တွေ့နေလို့ စားချင်တာနဲ့ onlineပေါ်ကရှာပြီး ချက်ကြည့်တာ မြည်းပေးပါလား"

ဇေရဲမာန် လဲ ခုံပေါ်ဝင်ထိုင်လိုက်ကာ
"ကလေးစားချင်ရင် ကိုယ်တိုင်မချက်လဲ ရပါတယ်..."
"ဟင့်အင်း..ကျွန်တော်ကိုယ်တိုင် ချက်ချင်လို့ပါ...ကိုကိုကအမြဲမြည်းပေးနော်"

"ဟုတ်ပါပြီဗျာ..." လပြည့်ဝန်း ခေါင်းကိုအသာအယာပုတ်ကာ ရှေ့က ရေညှိဟင်းချိုကိုမြည်းကြည့်တော့ အနည်းငယ်ငန်ပင်မဲ့ အဆင်ပြေပါတယ်....

လပြည့်ဝန်း မှာတော့ ဇေရဲမာန် မျက်နှာ ကို ကြည့်ကာ အဖြေကို မျှော်လင့်တကြီးစောင့်နေရှာသည်။
"အင်း...ကောင်းလိုက်တာ"
"တကယ်လား ကိုကို"

"တကယ်ပေါ့...နဲနဲတော့ အလေးလျော့နော်...ကြာရင်ကျန်းမာရေးထိမှာဆိုးလို့ပါ"
ဇေရဲမာန် က အရင်လိုတော့ တဇွတ်ထိုးမဆန်တော့ပေ....ဒါပင်မဲ့ နားဝင်အောင် တော့ လပြည့်ဝန်း ကို ပြောသည်။

"ဟုတ်...ကျွန်တော်နောက်သေချာချက်မယ်နော်"
"ဟုတ်ပါပြီ... ဒါနဲ့ မနက်စာကကော..."

"ဟုတ်သား ခဏလေးစောင့် နော် အဆင်သင့်ပဲ..."
တစ်ဖက်က မီးဖို့ပေါ်မှာ တည်ထားသောအိုးထဲက ဆန်ပြုတ်ကို ပန်းကန်နှစ်ခုထဲသေချာထည့်ကာ ဇေရဲမာန် ရှေ့ချပေးပြီး....

"ပုစွန်ဆန်ပြုတ် ကျွန်တော် ပြုတ်ထားတာ..."

ရှေ့ရောက်လာသော ပန်းကန်ထဲက ပုစွန် ဆန်ပြုတ်က ပုစွန်အကောင်လေးတွေနဲ့ အငွေ့ထနေပြီး စားချင်စရာကောင်းလှသည်။

​ကြက်ဥအစိမ်းကိုလဲ ခုလေးတင်မှ ဖောက်ကာ ထည့်ထားသေး...
"ဟီး...ကြက်ဥက ကိုကိုအားရှိအောင်.. "
"ဟုတ်တာပေါ့ နော်...ကိုကိုအားရှိရမယ်...ဒါ....မှ"

Near the love (Complete)Where stories live. Discover now