Near the Love 39

546 36 4
                                    

Uni

နောက်ကျောရဲ့ဂုတ်ပိုးကို ရိုက်ခံလိုက်ရသောကြောင့် လူကခွေခနဲဖြစ်သွားတာကိုတော့ မှတ်မိလိုက်သည်။

ခုလဲ သတိရရချင်း ရိုက်ခံလိုက်ရသောနေရာက အတော်လေးနာနေသေးသည်။အဝတ်နဲ့ စည်းခံထားရသော မျက်လုံးတွေကြောင့် ဘယ်ဆီရောက်နေမှန်းမသိ ဖြစ်နေတာပင်။

စိမ်းရွှင်ရွှင်အနံ့တစ်ခုခုကြောင့် မနှစ်မြို့စရာတစ်နေရာရာရောက်နေမှန်းတော့ သိလိုက်သည်။
လက်ကိုလဲ နောက်ပြန်ချီထားသောကြောင့် အနည်းငယ် လှုပ်ကြည့်ပင်မဲ့မရ....

ထိုတော့မှ လူတစ်ယောက်ခြေသံကိုကြားလိုက်ရသည်။ တဖြည်းဖြည်းနီးကပ်လာသောအသံကြောင့် လူလဲ သတိနဲ့နေနေရလေသည်။

မျက်လုံးစည်းကိုချွတ်ပေးတော့ မြင်တွေ့ရသူက Death ပင်။
"နိုးပြီလား.."

အေးစက်ကာ မာကျောနေသောအသံကြောင့် ဒေါသမပြေသေမှန်း Moon သိလိုက်သည်။
"ကျွန်တော့်ကိုလွှတ်ပေး"

"အပြစ်ကိုမသိသေးဘူးလား Moon..."
"ဒါကျွန်တော့်အပြစ်မဟုတ်ဘူး။ ဥပဒေကို ဆန့်ကျင်ထားတာ ခင်ဗျားလေ...ဒါက တရားဝင်မဟုတ်ဘူး"

"ဟက်...ကိုယ်ပြောတာတစ်ခြားပါကွာ....ဖုံးကွယ်ထားတာတို့ဘာတို့ပေါ့"
Death ရဲ့ ပြုံးကာပြောနေသော စကားပင်မဲ့ Moon ကျောချမ်းသွားလေသည်။

"ဘာ....ဘာကိုလဲ"

"ဟက်....Baby က ဟန်ဆောင်တတ်တာပဲ....ကိုယ်မထင်ထားဘူး....လိမ်မပြောတတ်တဲ့ကောင်လေးလို့ပဲ ထင်ထားခဲ့တာ" ဆိုပြီး အင်္ကျီကော်လံစအားဖြည်းဖြည်းချင်းဆွဲလိုက်ကာ ပြောတော့သည်။

"...."
ပြောစရာစကားမရှိတော့သော Moon မှာတော့ Death ကိုသာ စေ့စေ့ပြန်ကြည့်နေလေသည်။

"မင်း!!" ဆိုပြီး ထိုးရန် လက်သီးကိုရွယ်လိုက်သော်လဲ တူဟန်ရှိနေသော မျက်နှာကြောင့် Death စိတ်ကိုလျော့လိုက်ကာ....

"တောက်!!! " ဆိုပြီးဒေါသတကြီးတောက်ခေါက်ကာ ထွက်သွားလေသည်။ မသွားခင် သေချာစောင့်ကြည့်ထားဖို့လဲ မှာခဲ့သေးသည်။
________________

မနက်ပိုင်း ဆိုင်မှာ လာလာစောင့်နေပင်မဲ့ မလာသောသူကြောင့် လွန်းထက်သာ စိတ်ပူနေမိသည်။ တစ်ဖက်တွင်လဲ စုံစမ်းရသလောက်ဆို Moon နေတဲ့အိမ်ကို စုံစမ်းကြည့်ရသလောက်ကတော့ Moon ကို အိမ်ထဲရှိနေတယ်လို့တောင် အရိပ်အရောင်မတွေ့မိဘူးတဲ့....

Near the love (Complete)Where stories live. Discover now