Near the love 38

558 35 4
                                    

Uni

ညလယ်ကြီးဗိုက်ဆာလာသော Moon တစ်ယောက် အခန်းထဲရှိ ရေခဲသေတ္တာအသေးလေးထဲတွင် မုန့်ရှိသော်လဲ ပူပူစပ်စပ်လေးတွေစားချင်နေသောကြောင့် အောက်ထပ်ကိုဆင်းလာလိုက်သည်။

မီးဖိုချောင်တွင်လဲ လူမရှိသောကြောင့် ခေါက်ဆွဲတစ်ထုပ်ကို အသားလုံးတွေ ရှိတဲ့အရွက်တွေ ထည့်ကာ ပြုတ်ပြီး စားလိုက်သည်။

ဗိုက်လဲဝသွားတာကြောင့် Colaဘူးလေးကို မော့ကာ အပေါ်သို့ပြန်တတ်လာလိုက်သည်။

သို့သော် Death အခန်းရှေ့ကအဖျက် Death နဲ့ကပ်ရပ်အခန်းဆီ မျက်လုံးရောက်သွားမိသည်။ ဒီအခန်းက Death တစ်ယောက်ထဲသာ ဝင်ခွင့်ရှိနေသော အခန်းပင်။

မိမိကိုလဲ မဝင်ရန်မှာထားသေးသည်။ ဒါပင်မဲ့ အစကတော့ မေ့မေ့ပျောက်ပျောက် ပင်မဲ့ ခုတော့ ဝင်ကြည့်ချင်နေတာအမှန်ပင်။ မသိလောက်ဘူးဆိုကာ တံခါးကိုဖွင့်ကြည့်တော့လော့ချထားသည်ပင်။

အခန်းရှေ့တွင်လဲ အလှပန်းအိုးအကြီးတစ်လုံးကရှိသေး။ ပြီးတော့ တစ်ခါက Death ဒီပန်းအိုးအောက်ထဲတစ်ခုခုထည့်လိုက်တာကို လျက်တပြတ်မြင်မိသေးသည်။

စိတ်ထဲတွင် သံသယ ကြောင့် ပန်းအိုးကို အသာမကြည့်တော့ သော့တစ်ချောင်းပင်။ Moon လဲ ယူကာ တံခါးကိုဖွင့်ကြည့်တော့ ပွင့်သွားခဲ့လေသည်။

Moon လဲ တံခါးကိုဖွင့်ကာ ဝင်လိုက်တော့ ပိတ်စအဖြူအကြီးတစ်ခုက အခန်းထဲကို မြင်ရန်ကာထားလေသည်။ Moon လဲ ထိုပိတ်စကို ဖွင့်ကာ ဝင်လိုက်လိုက်တော့....

ထိုအခန်းထဲတွင် ရောင်စုံပန်းတွေဖြင့် ပြည့်နှက်နေလေပြီး အခန်း၏ အလယ်တွင် မှန်ဘောင်ထဲ ဆေးရည်ထည့်ကာ စိမ်ခံထားရသော လူတစ်ယောက်...

ထိုမှန်ဘောင်အတွင်းတွင်လဲ ပန်းကလေးများဖြင့် လှပနေလေသည်။ တစ်ခန်းလုံးလဲ မွှေးကြိုင်နေလေသည်။

မှန်ဘောင်ထဲတွင် ရှိနေသောလူကြောင့် Moon လန့်သွားကာ ထအော်မိသွားသေးသည်။
"ဘုရား!!!" Death ကြားမှာဆိုးသောကြောင့် ပါးစပ်ကို အမြန်အုပ်ကာ မှန်ဘောင်အနားတိုးပြီးကြည့်လိုက်တော့.....

Near the love (Complete)Where stories live. Discover now