Near the love 24

629 42 0
                                    

Zaw
Zawgyi သမားတွေ ဖတ်လို့ရလား ပွောပွခဲ့ပါဦး

ကြာလေ အချိုးတွေပြောင်းလာသူကြောင့် Roshan သိပ်မကြည်တော့....
အရင်ကဆို ကျောင်းပိတ်ရက်တိုင်း ရောက်ရောက်လာတတ်သူက ခုတော့ ပေါ်ကိုမလာတော့....

ခုလဲ ဖုန်းဆက်တာတောင် ဟိုကောင်လေးနဲ့ အပြင်ရောက်နေသည်တဲ့.......

တစ်နေ့တစ်ခြား Bing ဆိုတဲ့ တစ်ယောက်ကို အမြင်မကြည်တော့။ အရင်ဆို နှစ်ယောက်သား လျှောက်လည်ဖြစ်ပင်မဲ့ ခုတော့ ကျောင်းလွှတ်တာနဲ့ သူ့အိမ်သို့သာ အမြန်ပြန်တတ်သည်။

ခုလဲ သူမလာလို့ ကိုယ္ကပဲ သူ့အိမ်ကိုလိုက်လာကာ သူပြန်အလာကိုစောင့်နေရသည်။

ကားသံကြားတော့ လူကမနေနိုင်တော့ဘဲ ထွက်ကြည့်တော့ တွေ့ပါပြီ အိတ်ကြီးအိတ်ငယ်ကိုင်ကာ ဝင်လာသောသူ။ ဘေးနားမှာ Bing ကိုလဲမတွေ့မိ ပြောတော့သူနဲ့သွားတာဆို။

မိမိကိုမြင်တော့ ပြုံးပြကာ ခဏလေးဆိုပြီး ဘေးကလူတစ်ယောက်ကို အိတ်တွေလွှဲပေးကာ ကားဘေးသို့ ထက်ရောက်သွားသည်။

မြင်လိုက်ရသော မြင်ကွင်းက ရင်ကို ပူလောင်သွားသလိုပင်။ Don က Bing ကို ပွေ့ပြီးခေါ်လာသည်ပင်။

"Roshan ခဏေလး။ Bing ခြေခေါက်လဲတာ ခြေကျင်းဝတ်ထိသွားလို့"

အိပ်ယာပေါ်ထိ ပွေ့ခေါ်သွားသော မြင်ကွင်းကို Roshan ဒီအတိုင်း ရပ်ကြည့်နေမိသည်။

ဆရာဝန်ရောက်လာကာ ဆေးစီးပေးပြီး ပြန်သွားတဲ့အထိ Don က သူ့အနားကမခွာနိုင်သေး...
"ကျွန်တော် အဆင်ပြေနေပါပြီ။ သူငယ်ချင်း ရောက်နေတယ်မှတ်လား။"

Bing ကေတာ့ မိမိအား အားနာနေဟန်။
ဒီတော့မှ Don လဲ ခေါင်းညိမ့်ကာ ထွက်လာလေသည်။

"ရောက်တာကြပြီလား။ ဘာကိစ္စရှိလို့လဲ။"
Don အမေးကြောင့် Roshan ချက်ချင်း မျက်ရည်ပါဝဲသွားသည်။
မိမိက ဒီအိမ္ကို အမေးအမြန်းမရှိဝင်ထွက်နေကျပါ။ ခုမွ ဒီလိုမေးခံရတော့ စိတ်မကောင်းဖြစ်မိသွားသည်။

"ငါက ကိစ္စရှိမှ လာရတဲ့သူဖြစ်သွားတာလား။ Sorry ငါမှားသွားတယ်။"
"မဟုတ္ဘူး...Roshan...Roshan..."

မိမိစကားကို နားတောင်မထောင်ဘဲ ပြေးထွက်သွားသော Roshan အနောက်ပြေးလိုက်ဖို့ကြံပင်မဲ့ Bing အခန်းထဲက တစ်ခုခုကွဲကျသံကြောင့် အခန်းထဲ ပြေးဝင်ကြည့်တော့.....

Near the love (Complete)Where stories live. Discover now