Near the love 17

839 51 0
                                    

Uni

သတိပေးတာလား ခွင့်တောင်းတာလားမသိ Roshan တစ်ယောက်ကတော့ ဝင်လာကာ...
"မင်း.....Death..... "

Roshan တံခါးဖွင့်ဖွင့်ချင်း Death ဆီခြေလှမ်းကျဲကြီးများနှင့်လျှောက်လာကာ အင်္ကျီကော်လံကိုဆွဲပြီး
"ငါ...အွင့်..." Death အားအပြောမခံဘဲ ဖိကပ်နမ်းလိုက်သောကြောင့် Death ကြောင်သွားသည်။

ခဏနေတော့ သတိပြန်ကပ်ပြီး Roshan ကို တွန်းလိုက်ကာ...
"Roshan.... မင်း ဘာလုပ်တာလဲ!"
"နမ်းတာလေ...မင်းက ငါ့ခန္ဓာကိုယ်ကိုတော့ ယူပြီး ငါ့ကိုကျရှောင်နေတယ်"

"အဲ့ဒါငါ.."
"မင်းအဲ့နေ့မနက်ကလဲ ငါ့ကိုလဲမနှိုးဘဲ မင်းထသွားတယ်။ ပြီးတော့ ငါ့ကို တောင်းပန်ပါတယ် ဆိုတဲ့  message ပဲ ပို့တယ်။"

"ငါတောင်းပန်ပါတယ် "
ခေါင်းကိုငုံ့ကာ ထက်ပြောလာသူကြောင့် ချစ်နေရသူ Roshan ကပဲ စိတ်ကို လျော့ချကာ...
"ဟင်းးး မင်းကိုစိတ်ဆိုးတာမဟုတ်ပင်မဲ့ ခုလိုငါ့ကိုပြစ်ထားတာတော့ ငါစိတ်မကောင်းဘူး Death... "

"ငါ...ငါမင်းကို ပြစ်ထားတာမဟုတ်ပါဘူး။ ငါ...ရင်ဆိုင်ဖို့ မရဲတာ....."
"ဒါဆို မင်းငါ့ကို အဆက်အသွယ် ဖြတ်တော့ မှာလား"

Death ဒါကိုဖြေဖို့မရဲပါ....သူ့ဘဝမှာ ခင်ရတဲ့သူဆိုလို့ Roshan ဘဲရှိတာမှတ်လား။

ပြန်စကားမရဘဲ တွေဝေနေသူကြောင့် Roshan လှည့်ပြန်ဖို့လုပ်လိုက်ပင်မဲ့ ဆွဲခံလိုက်ရသောလက်ကြောင့် ပြန်လှည့်ကာ မေးငေါ့​ပြတော့....
"ငါ...မင်းနဲ့ ဘယ်လိုလုပ် အဆက်အသွယ်ဖြတ်မှာလဲ။ ဒါပင်မဲ့ မင်းအပေါ်ငါ အမှားကျူးလွန်မိခဲ့တဲ့အတွက်"

"ငါ​ဗွေမယူပါဘူး။ ဘာလို့ဆို ငါကိုယ်တိုင်က မင်းကို ခွင့်ပြုခဲ့တာမှတ်လား။"

ဒီအတွက် Roshan နောင်တမရပါ။ မိမိ၏ ပထမဦးဆုံးအကြိမ်ကို မိမိချစ်ရသူနှင့် ကုန်ဆုံးခဲ့တာပဲလေ....
ဒီလိုနဲ့ နှစ်ယောက်သားကြားမှာ အရင်လိုပဲ ပြန်ခေါ်ပြောနေဖို့ ဆုံးဖြတ်လိုက်လေသည်~~~~
____________

Notebook ပေါ်က အချက်အလက်တွေကိုကြည့်ရင်း လွန်းထက်သာ စဥ်းစားနေမိသည်။
ဒီဆိုင်က ထူးစစ်သော် ဆိုင်လို့သာပြောတာ ဝယ်သူအမည်ပေါက်မှာ Moon ဆိုတဲ့ ထူးစစ်သော် နာမည်တောင်မဟုတ်ဘဲ Bing တဲ့......

Near the love (Complete)Where stories live. Discover now