"သမီးတို့သေမသေ မေမေဆင်းလာကြည့်တာသမီးမြင်တယ် သမီးမေမေ့ကိုလှမ်းခေါ်နေတာလဲမေမေမြင်ရဲ့သားနဲ့နှာခေါင်းရှုံ့ပီးထွက်သွားတယ် အမေလို့တောင်သမီးခေါ်သင့်ပါမလား ဟင့် အီး"

ပီဝမ်းနည်းတကြီးငိုလာတဲ့ကစ်ကိုပွေ့ဖက်ကာချော့မြူလိုက်တော့သည်။

"နွမ်!ညည်းငါ့ကိုလိမ်တယ်!ညည်းလက်ထဲငါ့သားရောက်တော့မလို့ဟ​ဲ့!ညည်း အယုတ်တမာမ!"

ဖြန်း!!!ဖြန်း!!!

"ကဲ့ဟယ်!သေစမ်း!"

ဂျိုးဆက်ရဲ့မိခင်မှာအရှက်ကွဲမှုပေါင်းသောင်းခြောက်ထောင်ကြောင့်နွမ်ကိုသာမဲပီးရိုက်တော့သည်။

"စိတ်လျှော့ပါ တရားခံကိုကျနော်တို့စခန်းကိုခေါ်သွားရပါမယ်"

ရဲတေကဝင်ဆွဲတော့မှာနွမ်သက်သာရာရသည်။ဒါတောင်ဆွဲထားတဲ့နွမ်ရဲ့ဆံပင်ကိုမလွှတ်ပေးတာကြောင့်ဝိုင်းဖြုတ်ပေးကြတော့သူမလက်ထဲဆံပင်ကအုံလိုက်ပီးကျွတ်ပါလာသည်။

နွမ်နဲ့ကင်ချိုင်းကိုရဲတေကလက်ထိပ်ခတ်ပီးခေါ်သွားကြတော့သည်။ပွဲလာတဲ့ဧည့်သည်များမှာလဲထိုအခါမှအပြင်သို့ထွက်နိုင်ကြတော့သည်။သူတို့မှာလဲလက်ဖွဲ့ပေးပီးဘာမှမစားရပဲပြန်ကြရတာမို့သိပ်တော့မျင်နှာမကောင်း။

"တရားစီရင်တဲ့အခါကစ်ကိုခေါ်လာပေးပါမစ္စတာပီ သူကအဓိကသက်သေဖြစ်နေလို့ပါ"

"ဟုတ်ကဲ့ပါ"

"ပါးပါး ကစ်တောင်းပန်ပါတယ် ကစ်အစကတည်းကပြောပြခဲ့ရင် ပါးပါးပင်ပန်းခဲ့မှာမဟုဘူး"

"မဟုတ်တာကစ်ရယ် ကစ်ရဲ့အပြစ်မဟုပါဘူး"

*ဒီကလေးကအရွယ်နဲ့မလိုက်အောင်ကြောက်စရာကောင်းတဲ့ဖြစ်ရပ်ကိုကြုံတွေ့ခဲ့ရတာ အရမ်းသတ္တိရှိခဲ့လို့သာပေါ့*

တကယ်ဆိုကစ်ကမပြောရင်တောင်သူ့မှာအဲ့နေ့ကသက်သေတေရှိပီးသားဖြစ်သည်။ကစ်ကိုယ်တိုင်ကပြောလိုက်တော့ နွမ်တို့အတွက်ရှေ့နေတောင်ငှားလို့ရတော့မည်မဟုတ်ပါ။

ဇွန်ကကစ်ကိုဖက်ထားတဲ့ပီအားနောက်ကျောကနေသိုင်းဖက်ပီးနှစ်သိမ့်ပေးလေသည်။ဂျိုးဆက်က​တော့ထိုင်မှိုင်နေတဲ့သူ့ရဲ့မိခင်အနားသွားကာ..

System HeyHey(Completed)Where stories live. Discover now