real life

7.5K 609 15
                                    

<Unicode>
၂ပတ်...ရက်ပေါင်း၁၄ရက်တိတိ မိုးထက်အိပ်ရာပေါ်မှာပဲအချိန်ကုန်ဖြစ်သည်။ကမ်းခြေကဘယ်လိုလဲမေးရင် ရေရှိတဲ့သောင်ပြင်ကြီးဟုပင်ဖြေနိုင်တော့တဲ့အထိ ရောက်တဲ့တစ်ရက်ပဲအပြင်ထွက်ရပီး ကျန်တဲ့ရက်တေအခန်းထဲကအခန်းပြင်မပြောနဲ့ကုတင်ပေါ်ကပင်မဆင်းရ။

အခုလဲနွမ်းနယ်နေတဲ့သူ့ကိုအာဏာကရေပတ်တိုင်ပေးနေသည်မှာညှင်သာလှသည်။မျက်နှာလဲမကောင်းတာကြောင့်စိတ်မကောင်းဖြစ်နေပုံရသည်။

"ခဗျား"

"ဟင် ချာတိတ် ဘာလိုချင်လို့လဲ"

"ဖက်ထားပေး"

အာဏာကုတင်ပေါ်တက်ကာမိုးထက်ဘေးဝင်လှဲပီးအဝတ်ကင်းမဲ့နေတဲ့ကိုယ်လေးကိုညှင်သာစွာဖြင့်ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"ငါ့ယောက်ျားကချစ်ဖို့ကောင်းလိုက်တာ"

"နေရတာသက်သာရဲ့လား"

အာဏာရဲ့အသံကတိုးဖျနေပီးဝမ်းနည်းသံစွတ်နေသည်။ဖျော့တော့နေတဲ့မိုးထက်ကြောင့်အာဏာကသူ့ကိုယ်သူအပြစ်တင်နေသည်။တကယ်ကသူ့အပြစ်မဟုတ် မိုးထက်ကသာအာဏာရပ်ဖို့လုပ်ရင်ထပ်စသည် ဝတ်စုံတေတစ်စုံပီးတစ်စုံဝတ်ပြကာမြူစွယ်သည်။ချစ်ရသူရဲ့ရူးသွပ်စရာအလှတေကြောင့် စိတ်မထိန်းနိုင်တဲ့သူကထပီးသောင်းကြမ်းမိပြန်သည်။ခုတော့ ဖျားချင်နေပီဖြစ်တဲ့သူလေးကအပူငွေ့လေးနည်းနည်းရှိနေသည်။

"ခဗျားကိုယ်ခဗျားအပြစ်တင်နေတာကျနော်သိတယ် ခဗျားအပြစ်မှမဟုတ်တာ ဘာလို့စိတ်မကောင်းဖြစ်နေရတာလဲ"

"ကိုယ်စိတ်ထိန်းခဲ့သင့်တာ ကိုယ်..."

"ခဗျား အဲ့လိုဖြစ်နေတော့ကျနော်လဲဝမ်းနည်းရတာပေါ့ ကျနော်ကကိုယ့်ယောက်ျားအတွက်သာယာမှုအပြည့်ဝပေးချင်လို့တမင်ခဗျားကိုမြူစွယ်ခဲ့တာလေ ခဗျားကမပျော်ပဲဝမ်းနည်းနေတော့ ဟင့် ကျနော်ကဘယ်လိုနေရမှာလဲလို့"

"ချာတိတ် မငိုပါနဲ့ကွာ ကိုယ် ကိုယ်တောင်းပန်ပါတယ ကိုယ့်အမှားပါကွာ မငိုပါနဲ့"

"မငိုစေချင်ရင်ခဗျားပျော်ပျော်နေလေ ခဗျားကိုပျော်စေချင်လို့လုပ်တာကို ခဗျားကခုလိုဖြစ်နေတော့ ဟင့်!"

System HeyHey(Completed)Tahanan ng mga kuwento. Tumuklas ngayon