ယောဝန်း(Arc -4.5)

11K 938 7
                                    

<Unicode>
ယောဝန်းသည်ဒွန်ချွန်းချိန်းထားသည့်ဆိုင်သို့ဝင်လာသည်။ထောင့်နားကစားပွဲဝိုင်းတွင်ထိုင်နေသောဒွန်ချွန်းကိုမြင်တော့သွားမယ်အလုပ် ထိုလူကြီးနားရောက်လာတဲ့လူကြောင့်မျက်မှောင်ကျုံ့သွားသည်။ထိုသူကတခြားလူမဟုတ် ယောင်းမီပင်။ဘာလုပ်မလဲသိချင်တာကြောင့်သူတို့နားမသွားသေးပဲအကွယ်တစ်နေရာကနေ အရိပ်ခြေကြည့်နေသည်။

ယောင်းမီဒီဆိုင်ကိုလာထိုင်ရင်းအမှတ်မထင်ဒွန်ချွန်းအားတွေလိုက်ရတာကြောင်ယုတ်မာစွာပြုံးလိုက်ပီး သူမရဲ့အကြံစည်ကိုစတင်ရန် အအေးခွက်ယူကာဒွန်ချွန်းနားသွားကာမတော်တဆခလုတ်တိုက်ဟန်ဆောင်ကာ ဒွန်ချွန်းပေါ်ကိုအအေးများလောင်းချလိုက်သည်။

"ဟယ် ဒုက္ခပါပဲ စိုကုန်ပီ ယောင်းမီတမင်လုပ်တာမဟုပါဘူး အိုပါး"

ပြောပြောဆိုဆိုနဲ့အအေးတေကိုတစ်ရှူးနဲ့သုတ်ပေးဟန်ဖြင့်ဒွန်ချွန်းရင်ဘတ်နဲ့ပေါင်များကိုပွတ်သပ်တော့သည်။ဒွန်ချွန်းကထိုလက်များကိုပုတ်ထုတ်လိုက်ကာ..

"ဖယ်စမ်း!"

"ဟို ဘယ်လိုလုပ်ရမလဲ စိုကုန်ပီ အိုပါးရဲ့အကျင်္ီချွတ်ပေးလေ ယောင်းမီပြန်လျှော်ပီးပေးပါ့မယ်"

"မလိုဘူး ငါ့အကျင်္ီကဂျပန်ကနေမှာထားတာlimitနဲ့ပဲမှာလို့ရတာ ပြန်လျှော်လို့မရဘူး အဲ့တော့ပိုက်ဆံနဲ့ပြန်လျော်!"

"ရှင်?"

"အကျင်္ီကဝမ်သိန်း30တန်တယ် ဘောင်းဘီက60 ပေါင်းဝမ်သိန်း90 အခုတစ်ခါထဲပြန်လျော်!"

"အဲ့ အဲ့တာက"

အကွယ်ကယောဝန်းရီရလွန်းလို့အူတေပါနာနေပီ။ယောင်မီမျက်နှာကြီးဟာနွားနင်းခံထားရသလိုပင်။

*ဟက် မတူရင်မတုနဲ့အမိ*

"မလျော်နိုင်ရင် လာအရစ်ရှည်မနေနဲ့ ထွက်သွားငါ့မျက်စိရှေ့က!"

ဘေးလူတေပါဝိုင်းကြည့်နေတာကြောင့်ယောင်းမီရှက်ရှက်နဲ့ပြေးထွက်သွားတော့သည်။ထိုအခါမှယောဝန်းကအကွယ်ကနေထွက်လာပီးဒွန်ချွန်းဆီသွားလိုက်သည်။

"ချာတိတ် ဘယ်ကတည်းကရောက်နေတာလဲ"

"ခဗျားကိုသူအအေးနဲ့မပက်ခင်ကတည်းက"

System HeyHey(Completed)Where stories live. Discover now