ရော်မန်(Arc -3.6)

11.6K 970 32
                                    

<Unicode>
ရော်မန်အိမ်ထဲဝင်လိုက်တော့ဧည့်ခန်းတွင်မာမီနဲ့ဒယ်ဒီကထိုင်နေသည်။ထိုင်နေတာကမထူးဆန်းပေမယ့်ထူးဆန်းတာကသူ့တို့မျက်နှာတေ။မချိုမချဉ်နဲ့ဘာဖြစ်မှန်းမသိ ဒယ်ဒီကလဲသတင်းစာကိုစောက်ထိုးကြီးဖတ်နေတယ် မာမီကတော်ပြုံးစိစိနဲ့။

"မာမီ ဒယ်ဒီ"

"အယ် သားလေးပြန်လာပီလား အခုမှပြန်လာတာထင်တယ် ဟုတ်တာပေါ့အခုမှတွေ့တာကိုအခုမှပြန်လာတာပေါ့ ဟုတ်တယ်မလား ယောက်ျား"

"အော် အင်း အင်း"

*ဘာလဲဟ!*

"ဒယ်ဒီဘာလို့သတင်းစာကိုစောက်ထိုးကြီးဖတ်နေတာလဲ"

"ဟမ် အော် သားမသိပါဘူး ဒီမှာလေ ပုံကစောင်းနေလို့လိုက်ကြည့်နေတာ"

"အော် ဟိုလေ သားဒယ်ဒီတို့ကိုပြောစရာရှိလို့"

"ပြောလေသားလေး"

"သားမှာချစ်သူရှိနေပီ"

"ခုနကတစ်ယောက်မလား သားလေး"

"မာမီဘယ်လိုသိ..."

"အို မာမီအကုန်မြင်လိုက်တယ် မင်းဒယ်ဒီအတင်းဆွဲမခေါ်ရင်ပေါ့"

"အော် အဲ့တာကြောင့်ကို"

"သားချစ်သူကဘယ်ကလဲ ဘယ်သူလေးလဲ"

"မာမီတို့မှတ်မိသေးလားဟိုတစ်ခါသားတို့ညစာထွက်စားပအပြန်ကားပျက်တော့ကူညီပေးခဲ့တဲ့သူလေ"

"အော်ဟိုပရော်ဖက်ဆာလေးလား"

"ဟုတ်"

"ဟမ် ပရော်ဖက်ဆာလား သားရယ် ဟုတ်လို့လားကွာ"

"ဟုတ်ပါတယ်ဒယ်ဒီရဲ့ သားပြောပြမယ်......"

ရော်မန်ဒီနေ့ဖြစ်ခဲ့တာအားလုံးကိုမချွင်းမချန်အကုန်ပြောပြလိုက်သည်။အင်း အားလုံးကိုပေါ့။မာမီကတော့စိတ်ဝင်တစားနားထောင်နေပေမယ့် ဒယ်ဒီကတော့မျက်နှာကြီးရဲလို့။

"အဲ့မိန်းကလေးကတကယ်ပဲအဲ့လိုလုပ်ခဲ့တာလား"

"ဟုတ်တယ်မာမီ"

"ကြားလား ယောက်ျား အဲ့ဘာမဟုတ်တဲ့မိန်းကလေးကရိုစ့်သားလေးကိုငြင်းတဲ့အပြင် သားလေးရဲ့ချစ်သူကိုပါသိက္ခာကျအောင်လုပ်တယ် ယောက်ျား ကားသော့ယူအဲ့ကျောင်းကိုပြသနာသွားရှာရအောင်"

System HeyHey(Completed)Where stories live. Discover now