ခိမဲရ(Arc -6.5)

11.1K 911 17
                                    

<Unicode>
"ဝှါးးး"

ခိမဲရနိုးလာတော့ရုံးခန်းထဲကဆိုဖာပေါ်တွင်မဟုပဲ အိပ်ခန်းအကျယ်ကြီးတစ်ခုထဲတွင်ရောက်နေတာကြောင့်အလန့်တကြားငုတ်တုတ်ထထိုင်လိုက်မိသည်။

"ဗုဒ္ဓေါ!ငါဘယ်ရောက်နေတာလဲ"

သူ့ကိုယ်သူငုံကြည့်လိုက်တော့ရုံးဝတ်စုံတေမဟုတ်တော့ပဲပေါ့ပေါ့ပါးပါးညဝတ်အကျင်္ီလေးနဲ့ အိစက်နေတဲ့မွေ့ယာပေါ်ရောက်နေလေသည်။

(ဟေးဟေး ငါပြန်ပေးဆွဲခံလိုက်ရတာလား)

(ဟုတ်တယ်လေ hostကိုတက်အုပ်မဲ့ပြန်ပေးသမား)

"ချာတိတ်တောင်နိုးပီလား ကိုယ်ပစ္စည်းတေနေရာချနေလို့နည်းနည်းကြာသွားတယ်"

အခန်းထဲဝင်လာတဲ့ကိုးလ်ကအဝတ်စားမပါ တဘတ်တစ်ထည်ကိုသာခါးမှာပတ်ထားပီးကိုယ်ပေါ်မှာလဲရေတေလား ချွေးတေလားအသိ။ထိုအခိုက်သူတွေးမိလိုက်တာတစ်ခုပဲရှိတယ် အဲ့တာက...

"အဟင့် ဟင့် ကျနော်တို့မှားသွားကြပီလားဟင် အို..ကျနော့်ဘဝလေး သနားဖို့ကောင်းလိုက်တာ ဘာလိုက်တဲ့နှစ်ခါလုံးဘာမှကိုမသိလိုက်ရဘူး အဟင့်"

"ချာတိတ် ဘာတေလျှာက်ပြောနေတာလဲ ကိုယ်ချာတိတ်ကိုဘာမှမလုပ်ရသေးပါဘူးကွာ"

"ဟင်"

"ကိုယ်ပစ္စည်းတေနေရာချရင်းချွေးတေထွက်လာလို့ ဘေးခန်းမှာပဲရေချိုးလိုက်တာ အဝတ်စားတေကဒီအခန်းမှာပဲရှိလို့ကိုယ်လာယူတာ"

"အော် အဲ့လိုလား"

(ဖွီးး သရုပ်ဆောင်ချက်ကလက်လန်တယ် အို ငါရှက်လိုက်တာ ငါ့မျက်နှာဘယ်နားသွားထားရမလဲ အိုးး)

(ငါ့ပေါင်ကြားထဲလာထည့်ထားချည်!!)

"ဟိုလေ ကျနော်ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲမသိဘူး"

"ကိုယ်ခေါ်လာတာ"

"ဘာ ဘာလို့လဲ"

ကိုးလ်ကုတင်အောက်မှာဒူးထောက်ထိုင်လိုက်ပီးခိမဲရလက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ကာ...

"ဘာလို့ဆို ကိုယ်ပိုင်တဲ့အရာကိုပြန်ယူမလို့"

"ဟင်!"

System HeyHey(Completed)Where stories live. Discover now