ချင်းရန်(Arc -2.5)

12.9K 1K 42
                                    

<Unicode>
"ဘာလုပ်နေကြတာလဲ!ဒီမှာသေရည်ကုန်သွားပီ နောက်ထပ်ယူလာကြစမ်း!!!"

ချင်းဟွမ် သေရည်တေတစ်ခွက်ပီးတစ်ခွက်မော့သောက်နေတဲ့ဝမ်လင်းယောင်ကိုကြည့်ကာချင်းရန်ကိုသတ်ပစ်ချင်လာသည်။ဝမ်လင်းယောင်ဒီလိုဖြစ်နေတာ ချင်းရန်အလှကိုမြင်လိုက်တဲ့နေ့ထဲကပင်။သေရည်တေပဲလှိမ့်သောက်ပီး မူးလာတိုင်းသူ့ကိုပြသနာရှာလေသည်။အဆိုးဆုံးက'ချင်းရန်ကမင်းထက်လှတာကိုသာငါသိခဲ့ရင်မင်းကိုငါမိဖုရားမြှောက်မှာမဟုတ်ဘူး´တဲ့။ဟက်...ဗိုက်ထဲကသူ့ရင်သွေးလေးကိုမှမထောက် ချင်းရန်ကိုမရလို့နောင်တရနေသည်တဲ့လေ။

"အရှင် တော်ပါတော့ အရှင်သောက်တာအရမ်းများနေပီ"

"မင်းကငါ့ကိုယ်တော်တားရဲရအောင်ဘယ်ကသတ္တိတေရနေတာလဲဟမ်!!!"

"မဝံ့ရဲကြောင်းပါအရှင် ချင်းဟွမ်ကအရှင့်အတွက်ပြောနေတာပါ ဗိုက်ထဲက ကလေးမျက်နှာကိုထောက်ပီးပဲဖြစ်ဖြစ်"

"ကလေး အဟက် ကလေးတဲ့ ဘယ်လိုလုပ်မလဲ ငါကအဲ့ကလေးထက် အလှလေးကိုပိုလိုချင်တယ်ဆိုရင်ရော"

"အရှင်!"

"ချင်းရန်...ကိုယ့်ရဲ့အလှလေး"

သေရည်ခွက်ကိုထပ်မော့ကာပါးစပ်ကနေလဲချင်းရန်နာမည်ကိုတကြော်ကြော်အော်နေသည်။ချင်းဟွမ် နှုတ်ခမ်းကိုပြတ်ထွက်မတတ်ကိုက်ထားပီး....

*ဟက် ရှင်ကဒီလိုဆိုမှတော့လဲ ကျမကလုပ်သင့်တာကိုလုပ်ရတော့မှာပေါ့*

"အရှင်"

"မင်း မသွားသေးဘူးလား!"

"ချင်းဟွမ် သွားမှာပါအရှင်ရဲ့ မသွားခင်အရှင့်အတွက်အကြံကောင်းလေးတစ်ခုပေးချင်လို့ပါ"

"ဘာလဲ!"

"ဖန်တိုင်းပြည်ကိုလဲရယူနိုင်ပီး ချင်းရန်ကိုပါအပိုင်ရမယ်ဆိုရင်ရော အဟင်း"

"ဟင်!ဘာအကြံလဲ ပေး မြန်မြန် ပေး!!"

"မလောပါနဲ့အရှင်ရယ် အားလုံးကိုချင်းဟွမ်စီစဉ်လိုက်ပါမယ့် အခုတော့သေရည်တေထပ်မသောက်ပါနဲ့တော့ မနက်ဖြန်စောစောချင်းရန်ဆီသွားကြရအောင်"

System HeyHey(Completed)Where stories live. Discover now