ပီ(Arc -7.2)

10.5K 861 12
                                    

<Unicode>
"ကိုယ့်နာမည်ကဇွန် ကိုယ်ကအိမ်ပိုင်တယ် ကိုယ့်မိဘတေကနိုင်ငံခြားမှာ သူတို့ကကိုယ့်ကိုဘာမှပြောမှာမဟုဘူး"

"မင်းကိုအိမ်ကမနိုင်လို့လွှတ်ထားတာနေမှာပေါ့!"

"မင်းကပ်မပြောနဲ့"

"အကွာကြီးပဲ"

"မင်းလစ်လိုက်!"

"မင်းလစ်! မင်းကပွဲလန့်တုံးဖျာခင်းတဲ့ကောင်!"

"မင်းကမှမားမားဘွိုင်း မေမေပေးစားတဲ့မိန်းမနဲ့ယူလိုက်ပါလား!"

"မင်းယူလေ!"

"ငါမယူဘူး မင်းယူရမှာ!"

"ခဗျားတို့နှစ်ယောက်မတော်ဘူးလားပြော!!!"

ပီ ပိတ်ဟောက်ပစ်လိုက်တော့မှနှစ်ယောက်သားခေါင်းလေးငုံ့သွားကြတော့သည်။ဒါတောင်မှတစ်ယောက်နဲ့တစ်ယောင် တံတောင်နဲ့တို့နေကြသေးသည်။

(ဂျိုးဇက်ဆိုJဇွန်ဆိုZလို့သုံးပါမယ် ရှုပ်ကုန်မှာဆိုးလို့😗)

"ကျနော်တို့စကားအေးဆေးပြောကြရအောင်"

Z -"ကိုယ့်ကားနဲ့သွားမယ်"

J -"ငါ့ကားနဲ့သွားမယ် ငါ့ကားကပိုမြန်တယ်!"

Z -"ငါ့ကားကချောင်ဂျို ချောင်ကြားထိပါမောင်းလို့ရတယ်"

J -"မင်းကားကဆိုက်ကားနေမှာပေါ့!"

Z -"မင်းကသာ သုံးဘီးကား!"

ပီထိုနှစ်ယောက်ကိုထားခဲ့ကာထွက်သွားတော့သည်။

J -"ချာ ချာတိတ် စောင့်အုံး"

Z -"ကိုယ့်ကိုလဲစောင့်ပါအုံး"

J -"တိုင်နဲ့ခေါင်းနဲ့လား"

Z -"မင်း!"

•°•°•°•°•°•°•

Z -"ချာတိတ် ဒါဘယ်သူ့အိမ်လဲဟင်?"

J -"ဒါချာတိတ်အိမ်လေ မင်းမသိဘူးမလား ဟက် ငါကသိတယ်"

Z -"မင်းကအလှူလိုက်ခံနေကြမို့လို့နေမှာပေါ့!"

J -"မင်း!..."

"တော်ကြတော့!အိမ်မှာကလေးရှိတယ် ခဗျားတို့သတ်မနေနဲ့!"

ပီအိမ်ထဲဝင်သွားတော့ကစ်ကဧည့်ခန်းတွင်ကာတွန်းကားထိုင်ကြည့်နေသည်။ကျောင်းကပြန်ရောက်ပီးရေချိုးထားပုံရသည်။အသွားတွင်သူကလိုက်ပို့ပေမယ့်အပြန်ကတော့ကျောင်ကားနဲ့သာပြန်စေသည်။ပီရဲ့အလုပ်ကတစ်ခါတလေမိုးချုပ်တာမို့သွားကြိုဖို့အဆင်မပြေတာကြောင့်ပင်။ပီကိုမြင်တော့ကစ်ကထိုင်နေရာကထလာကာဘာကူသယ်စရာရှိလဲမျက်လုံးလေးဝေ့ကာရှာနေသည်။

System HeyHey(Completed)Where stories live. Discover now