ချင်းရန်(Arc -2.1)

13.6K 1K 6
                                    

<Unicode>
ခန်းမထဲကလူများဟာနောက်တစ်ကြိမ်အံသြရပြန်သည်။တစ်လျှောက်လုံးရုပ်ဆိုးပါသည်ဟုသတင်းတေကြောင့်ဘယ်သူမှသူ့အနားမကပ်ချင်ခဲ့ကြ။ခုတော့ချင်းရန်ဟာရုပ်မဆိုးတဲ့အပြင်နတ်သက်ကြွေထားတဲ့နတ်သားလေးတစ်ပါးအလားလှရက်လွန်းနေသည်။

"ချင်း ချင်းရန်"

ဝမ်လင်းယောင်မှာပါးစပ်အဟောင်းသားနဲ့ကြောင်အနေတော့သည်။လှလွန်းတယ် ချင်းဟွမ်ထက်အဆပေါင်းများစွာလှလွန်းတယ်။ပါးစပ်မစိနိုင်ထဲလူများထဲဝမ်လင်းယောင်ပါပါနေတာမို့ချင်းဟွမ်မျက်နှာကထိန်းမရအောင်ကိုပျက်ယွင်းနေပီဖြစ်သည်။

"အားလုံးအကြည့်တေပြင်ကြ!ချင်းရန်ကအခုငါကိုယ်တော်အပိုင်ဖြစ်နေပီ!!"

ဖန်ရှီးဟန်အေးစက်စွာပြောလိုက်တာကြောင့်အားလုံးအလျှိုလျှိုအကြည့်လွဲကုန်ကြသည်။ဝမ်လင်းယောင်မှာလဲအခုမှလွတ်တဲ့ငါးကြီးမှန်းသိနေတာကြောင့်နေမထိထိုင်မသာဖြစ်နေတော့သည်။

"ဟို အဟမ်း! ချင်းရန်မလိုက်သွားချင်ဘူးဆိုရင်တော့ငါကိုယ်တော်ပြန်စဉ်းစားပေးမယ်"

"ကျနော်လိုက်သွားချင်ပါတယ်မင်းကြီး"

"ချင်းရန်ကြောက်နေစရာမလိုပါဘူး ငါကိုယ်တော်မိဖုရားရဲ့မောင်ဆိုတော့ငါကိုယ်တော်ကသင့်ကိုကာကွယ်ပေးဖို့တာဝန်ရှိတယ်လေ မလိုက်ချင်ပဲအတင်းမလိုက်သွားနဲ့"

"ကျနော်လိုက်သွားမှာပါ"

ဝမ်လင်းယောင်မျက်နှာဖြတ်ရိုက်ခံလိုက်ရသလိုပင်။သူဘယ်လိုပြောပြောလိုက်သွားမယ်ချည်းငါပြောနေတာကြောင့်အလွယ်ထည့်ပေးလိုက်မိတဲ့ကိုယ့်ပါးစပ်သာကိုယ်ဖြတ်ရိုက်ချင်နေမိတော့သည်။

"ဒါဆိုခွင့်ပြုပါအုံး ဘုရင်တစ်ပါးကအခြားတိုင်းပြည်မှာကြာကြာနေလို့မကောင်းလို့ အခုပဲငါကိုယ်တော်ဖန်တိုင်းပြည်ကိုပြန်တော့မယ် ဝေါယာဉ်ပြင်ကြ!!"

ချင်းရန်လက်ကိုဆွဲလို့ခန်းမထဲကထွက်သွားသည်အထိအားလုံးဘာစကားမှမပြောနိုင်ခဲ့ကြ။အခုပဲသူတို့မျက်စိရှေ့မှာမျက်လှည့်လာပြသွားသလိုပင်။

System HeyHey(Completed)Where stories live. Discover now