လဝန်း(Arc -5.2)

10.4K 929 6
                                    

<Unicode>
"အာ အကို ဘယ်တုန်းကရောက်နေတာလဲ ခနနော် ပီးတော့မယ်"

အိပ်ရာခင်းလို့ပီးတော့ခေါင်းလုံးလေးတေစီပေးကာကုတင်ပေါ်ကဆင်းလိုက်ပီး...

"နားလို့ရပါပီဗျ"

"ခန ချာတိတ်"

"ဟုတ်"

"ကိုယ့်နာမည်ကသူရ"

"ဟုတ် လဝန်းပါ"

"ကိုယ်တို့ခင်လို့ရမလား"

"ရပါတယ်ဗျ ဟီးး"

ဟီးကနဲရယ်ပြလာတော့ခေါနေတဲ့သွားလေးတေကပေါ်လာတော့သည်။သို့ပေမယ့်သူ့မျက်လုံးထဲမှာရုပ်ဆိုးတယ်လို့မမြင်ပဲ တစ်မျိုးလေးချစ်စရာကောင်းနေသည်။မျက်ခုံး မျက်လုံး နှာခေါင်း နှုတ်ခမ်း တစ်ခုခြင်းစီခွဲကြည့်ရင်အရမ်းလှတဲ့ကောင်လေးတစ်ယောက်ဖြစ်သည်။သွားခေါနေပီးဆံပင်ကောက်ကောက်ကြီးတေသာမရှိရမ်းအရမ်းလှမှာဟုလို့တောင်တွေးမိသည်။

"ဒီမှာဗျ ဟို ပြောရာမရှိရင် ခွင့်ပြုပါအုံး ကျနော်အလုပ်လေးရှိနေလို့ပါ"

"အော် အင်း သွားလေ နောက်မှတွေ့ကြမယ်နော်ချာတိတ်"

"ဟုတ် ခဗျား"

°°°°°°°°°°°°

(ဟေးဟေး)

(ဗျာ)

(ဇာတ်လိုက်နဲ့ဇာတ်လိုက်မဘာလုပ်နေလဲ)

(အဲ့တာပြောပြမလို့)

(ခုနကလူကဇာတ်လိုက်ပဲ အခုဇာတ်လိုက်မနဲ့ရှိနေတဲ့သူကဇာတ်လိုက်ရဲ့သူငယ်ချင်း)

(ဟမ်)

(ဟုတ်တယ် သူတို့ကလူချင်းချိန်ထားကြတာ)

(အော် အဲ့လိုလား ငါနားလည်ပီ ဒါဆိုငါ့လူကြီးကဇာတ်လိုက်ပေါ့)

(ဟုတ်ပါတယ်)

(ဒါဆိုမြန်မြန်လုပ်ငန်းစရမယ် ငါဒီဘဝကကျွတ်ချင်နေပီ)

(ဖိုက်တင်းပါhost)

••••••••

နောက်တစ်နေ့မနက်..

မနက်စာဝိုင်းတွင်ဒေါ်ငွေခင်နဲ့ကြာညိုကထိုင်နေပီးလဝန်းကတော့မနက်စာပြင်နေသည်။

"ဟဲ လဝန်း!နင့်မျက်နှာကဝက်ခြံတေဘာလို့ပျောက်ကုန်တာလဲ ငါပေးတဲ့ဟာတေမလိမ်းဘူးလား"

System HeyHey(Completed)Where stories live. Discover now