စိမ့်စမ်းရေ(Arc -1.3)

15.5K 1.2K 17
                                    

<Unicode>
"ချာတိတ်"

စိမ့်စမ်းရေ ကန်တင်းသွားမယ်အလုပ်နောက်ကခေါ်သံကြောင့်ခြေလှမ်းများကိုအရှိန်မြင့်လိုက်သည်။

"ချာတိတ်!"

သက်ပိုင်သူခေါ်တာကိုလှည့်တောင်မကြည့်ပဲခပ်မြန်မြန်လျှောက်သွားတဲ့စိမ့်စမ်းရေကြောင့်စိတ်ဆိုးနေမှန်းသိလိုက်သည်။

"ချာတိတ် ကိုယ်တောင်းပန်ပါတယ်"

ထိုသို့ပြောလိုက်တော့ခြေလှမ်းများရပ်တန့်သွားတဲ့စိမ့်စမ်းရေကြောင့်ပျော်သွားကာ...

"ကိုယ်ချာတိတ်ကိုအော်ဖို့မရည်ရွယ်လိုက်ပါဘူးကွာ ကိုယ်တောင်းပန်ပါတယ်နော်"

"ဟင့်"

"ချာတိတ်!"

မျက်ရည်လေးတေလဲ့ကာ မတရားခံထားရတဲ့ပုံစံလေးနဲ့စိမ့်စမ်းရေကြောင့်သက်ပိုင်ထူပူသွားသည်။

"ဟင့် အကို့အမှားမဟုတ်ပါဘူး ကျနော်ကသာ အင့် အလိုက်ကန်းဇိုးမသိအဆောင်ထိလာပီး အကို့ကိုမျက်နှာပျက်အောင်လုပ်မိတာပါ အဟင့် အကိုနဲ့ကျနော့်ကိုသူများတေတမျိုးထင်မှာကိုအကိုရှက်မယ်ဆိုတာ သတိမထားမိခဲ့ဘူး"

"မဟုတ်..ကိုယ်.."

"အစကနေအဆုံးထိကျနော်ကပဲမှားတာမို့ ကျနော်ပဲတောင်းပန်ပါတယ် အဟင့် အင့်"

ပြောကာထပ်ပြေးထွက်သွားတဲ့အကောင်ပေါက်လေးရဲ့မျက်ဝန်းတေကအရမ်းဝမ်းနည်းနေပီးမျက်ရည်များတသွင်သွင်စီးကျနေတာကိုသေချာမြင်လိုက်ရတာကြောင့်သက်ပိုင်ဟာထိုနေရာမှာတင်ငူငူငိုင်ငိုင်ကြီးကျန်နေခဲ့တော့သည်။

စိမ့်စမ်းရေကတော့အိမ်သာထဲဝင်ကာတင်းထားသမျှကိုဖြေလျော့ကာအားရပါးရအော်ရယ်တော့သည်။

(ဟားဟား မှတ်ထား စိမ့်စမ်းရေကွ အချဉ်မဟုတ်ဘူး)

(ဝါးး လူတေလူတေ သိပ်လဲကြောက်ဖုတ်ကောင်းပါလား)

(ကြောက်ဖို့ကောင်းတယ်လုပ်စမ်းပါ အဟန့် အဲ့ထဲမှာမှငါကတော့ချစ်စရာကောင်းတဲ့သူပေါ့ကွာ)

(hostတို့များနော်မာယာတေများချက်)

တဖက်၌.....

System HeyHey(Completed)Where stories live. Discover now