"ရိ​ပေါ်.."

လက်​အနောက်ပစ်ကာ ကြာကန်ငယ်ဆီ  ဆွေး‌‌မြေ့စွာ မျက်နှာမူထားသော ဝမ်ရိပေါ်က ရှောင်းကျန့်အသံကြားသည်နှင့် လှည့်၍ကြည့်လာသည်။ မျက်နှာမကောင်းသည်မို့ ရှောင်းကျန့်မေးရန် ဟန်ပြင်လိုက်ပါသော်လည်း

"ရှစ်စွမ်း...ခနနေလို့ မရောက်သေးရင် ကျွန်တော်စာကြည့်တိုက်ကို လိုက်လာတော့မလို့ လုပ်နေတာ"

"....."

"ရှစ်စွမ်း?"

"ဟင်"

"ကျွန်တော့်ကို ဘာလို့ အဲ့လောက်ငေးနေတာလဲ"

"ဒီအတိုင်း.."

"တစ်ခုခုဖြစ်လာလို့လား"

"ဟင့်အင်း...ရိပေါ်... တောအုပ်ထဲက ရေကန်နားသွားကြမလား"

"အာ.. ရှစ်စွမ်းက သွားချင်လို့လား"

"အင်း။ မရောက်ဖြစ်တာလည်း ကြာပြီမို့"

"သွားကြတာပေါ့"

//////

နန်းဆောင်ထဲတွင် ကုတင်ပေါ်၌ လဲလျောင်းနေသော မင်းကြီးနှင့် မိဖုရားငယ်သာရှိသည်။ မိဖုရားငယ်သည် မင်းကြီး၏ လက်တစ်ဖက်အားကိုင်ကာ ရေစို၀တ်ဖြင့် လက်သည်းကြားတွေကို သန့်ရှင်းရေးလုပ်ပေးနေရင်း စကားတွေလည်းပြောပေးနေလေသည်။

"အရှင်.. သားတော်ကလေ သူ့ရှစ်စွမ်းကို မေတ္တာသက်ဝင်နေတယ်။ မနေ့က သူတို့နှစ်ယောက်အခြေအနေကို သေချာမြင်ခဲ့ရပေမယ့် ဒီမနက်တင်ပဲ အဲ့ဒီသခင်လေးကို သားတော်အနားကနေ ခွာဖို့ကြိုးစားခဲ့မိတယ်။ ဒါပေမယ့် စကားမဆုံးခင်မှာတင် ဖြတ်ပြောပြီး ငြင်းသွားတယ်လေ"

"......."

"အရှင်သာဆိုရင်ရော ဒီအခြေအနေကို ဘယ်လိုနားလည်မလဲ သိချင်လိုက်တာ"

"....."

"......."

"သား...တော်..ပျော်ပါ..စေ"

တိုးညင်းသောအသံသည် မိဖုရားငယ်သေချာကြားနိုင်ဖို့အထိတော့ လုံလောက်ပါ၏။ မင်းကြီး၏ မျက်လုံး‌တွေသည် အကုန်ပွင့်‌နေသည်မျိုးမဟုတ်ဘဲ မျက်ဖြူမလန်ရုံတမယ် မနည်းဆွဲဖွင့်ထားရုံသာဖြစ်သည်။

Lord of Kings [Complete]Where stories live. Discover now