"အဘိုး ရဲ့ မပေါင်းဖက်လိုက်ရတဲ့ ဇနီးလောင်းလေး။''

မေမီ ဘေးရှိ တစ်ရှူးဘူးထဲမှ တစ်ရွက်ခုတ်ကာ ကိုနောင့် မျက်ရည်စတွေသုတ်ပေးလိုက်သည်။

"အဘိုးရယ် အချိန်တွေကြာခဲ့ပြီပဲ။ ငိုမနေပါနဲ့တော့။''

"ခရေပင်ကြီးရှိသေးလား။ ရှိသေးရင် ခရေပန်းလေးတွေသွားကောက်ပြီး သီပေးပါလားကွယ်။ အဘိုး ထားငယ် ကိုပေးချင်လို့။''

တစ်ချက် တစ်ချက် ကိုမောင် ထိုကဲ့သို့ပြောလေ့ရှိသည်။ တစ်ခါတစ်လေ စက်ချုပ်စက်နားသွားကာ ''ထားငယ် အော်ဒါတွေကျနေတာ ပင်ပန်းတော့မှာပဲ။'' ဟုလည်း ပြောတတ်သည်။ တစ်ဖက်လမ်းက အိမ်ဆီသွားကာ ထားငယ် ဆိုသည့် ကောင်မလေးအား သွားရှာတတ်သေးသည်။

အသိစိတ်အမြဲလွတ်လေ့မရှိသော်လည်း အသိစိတ်လွတ်သည့်အခါတိုင်း ထားငယ် ကိုသာရှာလေ့ရှိသည်။ မေမီ ကိုမောင် အားမည်သို့မျှမပြောဘဲ၊ လမ်းထိပ် ပန်းရောင်းသည့်ကောင်လေးဆီမှ ခရပေန်းအား သွားဝယ်ပေးသည်။

"အစ်မ ဒါ ဦးကိုမောင်ဦး အိမ်လားမသိဘူးဗျ။''

စာပို့သမားကောင်လေးတစ်ယောက်ကမေးသည်။ ယနေ့အခါ ဖုန်းတွေရှိလာပြီမို့ စာပို့သည်ဆိုသည်က အတော်လေးနည်းပါးသွားပြီဖြစ်သည်။ ကိုမောင် က တစ်ယောက်တည်းသာ နေတတ်သူမို့ စာပို့သည့်အခါ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

"ဟုတ်ပါတယ်။ ဘယ်ကပို့လိုက်တာလဲရှင့်။''

စာပို့သမားက စာအိမ်ကိုပြန်ကြည့်ကာ။

"မရေးထားဘူးဗျ။ ဒါမယ့် သေချာပို့ပေးဖို့တော့မှာလိုက်တယ်။''

"ပေး ပေး။ အစ်မ ယူသွားလိုက်မယ်။''

စာလက်ခံရကြာင်းလက်မှတ်ထိုးပေးလိုက်ကာ အိမ်ထဲယူလာလိုက်သည်။

"အဘိုး ဒီမှာ အဘိုးတွက် စာတဲ့။ ဘယ်ကလဲတော့မသိဘူး။''

ကိုမောင့် ထိုင်းမှိုင်း​နေတဲ့ မျက်လုံးတွေက အရောင်လက်သွားသည်။ မေမီ့ လက်ထဲမှာ စာအိတ်အား လှမ်းကာ ယူလိုက်သည်။ စာတစ်စောင်၊ ဓာတ်ပုံတစ်ပုံနှင့် အမှုန့်လေးတွေထည့်ထားသည့် အိတ်အသေးလေး ထွက်လာသည်။

သကျထားThetthtar(Complete)Where stories live. Discover now