Part 6♥

2.1K 193 30
                                    

ခရေပင်အောက်မှာ သက်ထား ကိုမောင့် ရင်ခွင်ထဲ ငိုမိသည့်နေမှစ၍ သက်ထား ဘက်မှ ခြေတစ်လှမ်းတိုးမိသလို ဖြစ်ကာ။ ကိုမောင် ကလည်း သက်ထား ဆီလှမ်းလာဖို့ ခြေလှမ်းတွေကို တွန့်ဆုတ်မနေခဲ့။

"သက်ထား မနက်ဖန် ကိုယ်နဲ့အတူ ဘုရားအတူလိုက်ပေးနိုင်မလား။''

"အို သက်ထား ကိုမောင် နဲ့အတူ လူမြင်ကွင်းမှာ ယှဉ်သွားဖို့ မဝံ့ရဲပါဘူး။''

ကိုမောင် က သက်ထား ရဲ့ လက်လေးတွေကို ဆုတ်ကိုင်လိုက်ကာ အကြည့်ချင်းဆုံရန်ငြင်းဆန်နေတဲ့ သက်ထား ရဲ့ မျက်ဝန်းတွေကို အမိအရဖမ်းယူလိုက်သည်။

"မဟုတ်တာ သက်ထား ရဲ့။ သက်ထား ကလည်း လူပေါင်းများစွာထဲကမှ သာမာန်လူတစ်ယောက်ပါ။ ကိုယ့်ကိုယ်ကို မသိမ်ငယ်ပါနဲ့လားကွယ်။''

သင်ထား ကိုမောင့် ရဲ့ အကြင်နာမျက်ဝန်းတွေအောက်မှာ လဲပြိုကျသွားကာ ခေါင်းညိမ့်လိုက်မိသည်။

ကိုမောင် က ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားပြီး သက်ထား ရဲ့ ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းပွေ့ဖက်လိုက်သည်။ သက်ထား က ကိုမောင့် ရင်ဘတ်ကို မနာအောင် ဟန်ပန်မူယာလေးနဲ့ ထုရိုက်ရင်း လွှတ်ပေးဖို့ပြောလေသည်။

"ကိုမောင် ရေ လွှတ်ပါ။ သက်ထား အသက်ရှူကြပ်တယ်။''

"ဘွားတေး ဘွားတေး။ ကိုယ်အပျော်လွန်သွားလို့။''

သက်ထား က ကပိုကရိုကျလာတဲ့ ဆံနွယ်လေးတွေကိုပြန်သပ်တင်လိုက်သည်။ မခုန်စဖူး ပြင်းထန်စွာခုံနေတဲ့ နှလုံးသားလေးရယ် အရှက်သည်းနေတာကြောင့် ပါးပြင်နုနုက ပန်းနုရောင်လေးသန်းနေလေသည်။

အပျိုဖြန်းလေးလို အရှက်သည်းနေတဲ့ သက်ထား ပုံစံကို အခြားသူတွေတွေ့ပါက ရယ်ချင်ရယ်နိုင်သည်။ ကဲ့ရဲ့ချင်ကဲ့ရဲ့နိုင်သည်။ မှန်ပါသည်။ ဖြူစင်သူမဟုတ်တော့သည့် သူက ပွေ့ဖက်မှုကို ခုမှခံစားဖူးသလို ရှက်နေမိတာကြောင့်ဖြစ်သည်။

ကိုမောင် ကတော့ သက်ထား ရဲ့ ထိုပုံစံလေးကိုကြည့်ကာ သဘောကျနေမိသည်။ လူချင်းမတူလျှင်ခံစားချက်ချင်း ကွဲပြားသွားစေနိုင်သည်။ လူတစ်ယောက်အပေါ်ထားတဲ့စိတ်ထားကို အခြားတစ်ယောက်အပေါ်ပြောင်းလဲ မထားပေးနိုင်။

သကျထားThetthtar(Complete)Where stories live. Discover now