Part 5♥

2.1K 202 2
                                    

ဒေါ်ပုတို့အိမ်က မနက်ပိုင်းဆို သာမာန်စားသောက်ဆိုင်လေးပင်။ နွယ်နီ က ငွေရှင်းသည့်နေရာမှာထိုင်ပြီး သတင်းစာဖတ်နေတုန်း အနောက်တိုင်းဝတ်စုံအပြည့်နဲ့ လူတစ်ယောက်ကသူ့ဆီလျှောက်လာသည်။

"နွယ်နီ။''

တကယ်တော့ နမည်မခေါ်ခင် ခြေလှမ်းသံတွေကြားတည်းက နွယ်နီ ထိုလူကမည်သူဖြစ်သည်ကို သိရှိပြီးသားဖြစ်သည်။ ချစ်မေတ္တာတွယ်မှုအရ ထိုလူ့ရဲ့အသက်ရှူသံတွေကအစ အလွတ်မှတ်မိနေသည်။

"လူကြီးမင်း။''

"ကိုယ့်ကို အန်ကယ်ယံ လို့ခေါ်ဖို့မပြောထားဘူးလား။''

"တောင်းပန်ပါတယ် အန်ကယ်ယံ။ နွယ်နီ မေ့သွားလို့ပါ။''

အသက်၃၅နှစ်အရွယ် ထိုလူကြီးက ခန့်ညားမှုတွေနဲ့အတူ ယောက်ျားဆန်လွန်းသည်။ ခရိုနီတစ်ယောက်ဖြစ်တာကြောင့် အနောက်တိုင်းဝတ်စုံကိုသာ အမြဲဝတ်ဆင်လေ့ရှိသည်။ မြို့မျက်နှာဖုံးလူတစ်ယောက်ဖြစ်တာကြောင့် ဦးဥက္ကာယံ ဟုပြောလိုက်ပါက မသိသည့်သူမရှိ။

"နွယ်နီ က ကိုယ့်စကားတွေကို မေ့တတ်တာလား။ မေ့ထားတာလား။''

"မေ့ထားတာမဟုတ်ရပါဘူး အန်ကယ်ယံ။ နွယ်နီ တကယ်ကိုမေ့သွားရတာပါ။''

"နွယ်နီ တို့လို လူတွေက ဧည့်သည်တွေစိတ်တိုင်းကျဖြစ်အောင် ကြိုးစားရမှာမလား။ ဒါမှ နွယ်နီ တို့ ပိုက်ဆံများများလေးရနိုင်မှာပေါ့။ ခု ကိုယ့်နမည်မေ့သွားတော့ ကိုယ်မကျေနပ်ဘူး နွယ်နီ။''

"ဦးဥက္ကာယံ တို့ကတော့ စရောက်တာနဲ့ နွယ်နီ့ ကိုပြသနာရှာနေတော့တာပဲနော်။''

နွယ်နီ ဆက်ပြောဖို့ စကားလမ်းကြောင်းပျောက်နေတုန်း၊ အချိန်ကိုက် ဒေါ်ပုက အပေါ်ထပ်ကနေဆင်းလာသည်။

"မကြီးပု ရယ်။ ကျတော်က နွယ်နီ့ ကိုကျတော့်နမည်လေးမှတ်မိစေချင်လို့ပါ။''

"အမယ်လေးတော့်။ နွယ်နီ့ မှာ ဒီလောက် ဧည့်သည်တွေများတာ ဦးဥက္ကာယံ ကိုလည်း မေ့ချင်မေ့သွားနိုင်တာပဲလေ။''

"ခန္ဓာကိုယ်ရောင်းစားတဲ့ သူတွေအတွက်တော့ ဧည့်သည်များတာ ပုံမှန်ပဲမဟုတ်ဘူးလား မကြီးပုရဲ့။ ဒါပေမယ့် နွယ်နီ မှတ်ထားသင့်တယ်လေ။''

သကျထားThetthtar(Complete)Where stories live. Discover now