Part 25♥

1.4K 126 40
                                    

သက်ထား သတင်းက အလုပ်ထဲတွင် မည်သူစလိုက်သည်မှန်းမသိသော်လည်း အလျင်အမြန်ပျံနှံ့သွားသည်။ အလုပ်သမားတွေက ကိုမောင့် ရှေ့တွင်မပြောကြသော်လည်း နောက်ကွယ်တွင် အတင်းတုတ်ကြသည်။ ရာထူးအနည်းငယ်ရှိသည့် သူတွေက ကိုမောင့် ကို စတင်ပြီး မလေးမစား ဆက်ဆံလာကြသည်။

"မောင်ဦး။ မင်းအဖေ ဒီအကြောင်းတွေ သိသွားပြီ။''

ကိုမောင် အံသြတုန်လှုပ်မှုမရှိ။ တင်မြင့် ပြောသည်ကို ခေါင်းညိမ့်ကာသာ တုန့်ပြန်လိုက်သည်။

"မင်း...။ မင်း မစိုးရိမ်ဘူးလား။ သူ သြဇီ ကနေ ဒီကို အမြန်လေယာဉ်နဲ့ပြန်လာနေပြီ။''

"တင့်မြင့်၊ ငါ ထားငယ် ကို စချစ်တည်းက ဒီနေ့လို ဖြစ်လာမယ့် အရာတွေအတွက် ကြိုတင်ပြင်ဆင်ပြီးသား။''

တင်မြင့် ကိုမောင့် ရဲ့ အဆင်သင့်ဖြစိနေသည့် ပုံကြောင့် အံသြသွားသည်။ အချစ်အတွက်တိုက်ပွဲဝင်မည့် ရဲရင့်ပြတ်သားသည့် စစ်သူကြီးအလား။

မည်မျှပင် ပြင်ဆင်ထားပါစေ။ တကယ်ရင်ဆိုင်လာရသည့်အခါ ပင်ပန်းရသည်။ လုပ်ငန်းတွင် အဆင်လုံးဝမပြေ။ ခပ်ထေ့ထေ့ လှောင်ရယ်နေသည့် မျက်ဝန်းတွေနှင့်အသားမကျ။

သို့သော် ထိုမျက်ဝန်းများကို သက်ထား အချိန်တိုင်း ကြုံတွေ့နေရသည်ဟု ပြန်လည်တွေးမိသောအခါ၊ သူဒီ့ထက်ပို သန်မာရန်လိုအပ်သေးသည်။ သက်ထား နှင့် အတူနေချင်လျှင် ထိုဒဏ်တွေကို လျစ်လျူရှု ဂရုမစိုက်ရန် သန်မာနေဖို့လိုအပ်သည်။

သူသည် သက်ထား ရဲ့မှိခိုစရာဖြစ်သည်။ မှိခိုစရာသည်သာ အားနွဲ့နေလျှင် သက်ထား အဘယ်သို့ လုံခြုံမှုခံစားရမည်နည်း။ သက်ထား ကို နွေးထွေးလုံခြုံမှုပေးနိုင်ရန် သူ့တွင် အပြည့်အဝတာဝန်ရှိသည်။

ကိုမောင် ကားပေါ်မှ မဆင်းသေးဘဲ ခပ်နွမ်းလျလျမျက်နှာနှင့် စတီယာတိုင်ပေါ် မှောက်အိပ်ကာ ခနနားနေသည်။ သက်ပြင်းအကြိမ်ကြိမ်ချမိနေတာကြောင့် အသက်ပင် ရက်အတော်လေး တိုနေလောက်ပြီထင်သည်။

နောက်ကြည့်မှန်တွင် ချိတ်ထားသည့် ခရေပန်းကုံးလေးတွေက မွှေးရနံပေးနေသည်။ ကားမှန်မှဖြတ်ကာ သက်ထား ရဲ့ဆိုင်လေးအား လှမ်းကြည့်လိုက်တဲ့အခါ သူပြန်လာမည်ကို ထွက်စောင့်ကာ မျှော်နေသည့် သက်ထား ကိုတွေ့ရသည်။

သကျထားThetthtar(Complete)Where stories live. Discover now