Part 3♥

2.6K 239 5
                                    

သက်ထား ခရေပင်ဆီထပ်မသွားရဲ။ သူ ကိုမောင် နဲ့ ဆုံတွေ့မည်ကို စိုးထိတ်နေမိသည်။ ကိုမောင် ရဲ့ ကြင်နာဂရုစိုက်မှုတွေကြောင့် သူ့နှလုံးသားလေး ထိုလူအတွက်နေရာပေးမိမည်ကို ကြောက်ရွံ့မိသည်။

ယောက်ျားတကာနဲ့ အိပ်ထားတဲ့လူတစ်ယောက်ရဲ့ နှလုံးသားကဖြူစင်သန့်ရှင်းပါတယ်လို့ ကြေညာမောင်းခတ်မည်ဆိုလည်း ယုံကြည်မည့်သူမရှိ။ ကိုယ့်အဆင့်အတန်းကိုယ်သိကာ ကိုမောင် နှင့် ဝေးရာကိုရှောင်မည်ကအကောင်းဆုံးဖြစ်သည်။

သို့သော် ကိုမောင် နှင့် မတွေ့ရသည်က သက်ထား ရဲ့ စိတ်နှလုံးသားလေးလွန်စွာပင်ပန်းရသည်။ အိမ်ရှေ့ဝရံတာကိုထွက်ကာ ခရေပင်ရှိရာဘက်မျက်နှာမူ မျှော်ငေးကြည့်တော့ ခုံတန်းလျားလေးပေါ် ခရေပန်းသီကာ သူ့အလာကိုစောင့်နေမည့် ကိုမောင့် ပုံရိပ်ကိုမြင်ယောင်မိသည်။

သူ့ကိုယ်သူစိတ်ပြန်ထိန်းကာ ဝရံတာကနေအိမ်ထဲကို ညှိုးငယ်စွာပြန်ဝင်လာခဲ့သည်။

"သက်ထား ရယ်။ ဘာကြောင့်များ ကိုယ့်ကိုယ်ကို နှိပ်စက်နေရတာလဲ။ တွေ့ချင်တယ်ဆိုသွားတွေ့လိုက်လေ။ ဘာများခက်လို့လဲကွယ်။''

"ဟင်း နွယ်နီ ရယ်။ နွယ်နီ နားမလည်ပါဘူး။ သက်ထား လည်းတွေ့ချင်တာပေါ့။ ဒါပေမယ့် နွယ်နီ ရယ် နွယ်နီ သိတဲ့အတိုင်း သက်ထား တို့ကဖြူစင်ကြတော့တဲ့သူတွေမဟုတ်ဘူးလေ။ သက်ထား ရဲ့ အတ္တကြောင့်နဲ့တော့ ကိုမောင့် ကိုမညစ်စွန်းစေချင်ပါဘူးရယ်။''

နွယ်နီ လည်းစိတ်မကောင်းစွာနဲ့ပဲ သက်ပြင်းချလိုက်သည်။ တကယ်လို့ သူသာ သက်ထား နေရာမှာဆိုရင်လည်း သက်ထား လိုရွေးချယ်မှာဖြစ်တာကြောင့်ပဲဖြစ်သည်။

သူတို့လိုလူတွေအတွက်တော့ အချစ်ဆိုတဲ့အရာကရှိမနေသင့်ပါဘူးလေ။
....
"ဟော ဧည့်သည်တော်ကြီး ထပ်ရောက်လာပြန်ပြီလား။ ဒီတစ်ခါရော သက်ထား ပဲလား။''

ကိုမောင် ဒေါ်ပု လက်ထဲ အမဲရောင်အိတ်နဲ့ထုပ်ထားတဲ့ ငွေထုပ်ကိုထည့်ပေးလိုက်သည်။

"ဟုတ်တယ်ဗျ။ သက်ထား ဘယ်မှာလဲ။''

ပိုက်ဆံကိုအိတ်ထဲကထုတ်ရင်း ရေတွက်နေတဲ့ ဒေါ်ပု က အပေါ်ထပ်ကိုညွှန်ပြလေသည်။

သကျထားThetthtar(Complete)Where stories live. Discover now