Part 17♥

1.5K 139 15
                                    

ညနေ နေရောင်ခြည်ဟာ ပြတင်းပေါက်ကတစ်ဆင့် သက်ထားရဲ့ မျက်နှာနုနုပေါ် ဖြတ်သန်းကျရောက်လာသည်။ ဖောင်းမို့မို့ မျက်ခွံလေးတွေနဲ့ ရဲနေတဲ့ပါးပြင်လေးက နေကောင်ထဲ တစ်မျိုးလှပနေသည်။

ရှေ့ကိုဝဲကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ပြီး ကိုမောင် နဖူးပြင်ပေါ် အကြင်နာအနမ်းခြွေလိုက်သည်။ ထိုမှတစ်ဆင့် နှာဖျားလုံးလုံးလေးဆီ၊ ပန်းနုရောင် နှုတ်ခမ်းပါးလေးတွင် နောက်ဆုံး အဆုံးသတ်လိုက်သည်။

အိပ်ပျော်နေသည့် သက်ထား က အနည်းငယ် လူးလွန့်လာပေမယ့် နိုးမလာသေး။ ခေါင်းအုံးပေါ် ပျံ့ကျဲကျနေသည့် ပိတုန်းရောင် ဆံကေသာကို ကိုမောင် လက်နဲ့ အသာအယာဆွဲယူပြီး နမ်းရှိုက်လိုက်သည်။

ခရေပန်းရနံလေး။ ကိုယ်ချင်းနှီးနှောနေသည့်အချိန်တည်းက သက်ထား ဆီမှ ခရေပန်းရနံသင်းသင်းလေးရသည်။ ခရေပန်းချစ်သူလေးကလည်း ခရေပန်းရနံ့လေးမွှေးနေသည်။

ကိုမောင် အိပ်ရာမှထလိုက်ပြီး နေရောင်ဝင်နေတဲ့ ပြတင်းပေါက်ကို လိုက်ကာဖြင့်ကာဆီးလိုက်သည်။ အိပ်မောကျနေတဲ့ သက်ထား ကိုမနှိုးတော့ဘဲ၊ ကိုယ်လက်သန့်စင်ရန်ရေချိုးခန်းဘက်ထွက်လာသည်။

သက်ထား ဖြည်းဖြည်းချင်း ပွင့်လာသည့် မျက်ခွံတွေနဲ့အတူ ဘေးနားတွင် မည်သူမှ မရှိကြောင်း သတိထားလိုက်မိသည်။ ရင်ထဲ အောင့်သက်စက်စူးနင့်သွားသည့်ခံစားချက်။

ထိုကဲ့သို့ သူ့ခန္ဓာကိုယ်ကို သုံးဆောင်၍ပြီးသွားသည့်အချိန် ပြန်နိုးလာလျှင် ဘေးနားတွင်မည်သူမျှရှိမနေတော့။ ကိုမောင် လည်း ထို့အတူပင်ပဲလား။ လူတိုင်း သူ့ဆီကိုလာသည်မှာ သာယာပျော်ပါးမှု ခနအတွက်သာ။

ဝဲတက်လာသည့် မျက်ရည်တွေကို မျက်တောင်ပုတ်ခတ်ကာ အောက်သို့ကျမလာစေရန် တားဆီးထားသည်။

"သက်ထား နိုးလာပြီလား။''

အခန်းဝမှ ခေါ်သံကြောင့် ထိန်းထားတဲ့ မျက်ရည်စအချို့ ပါးပြင်ပေါ်စီးကျသွားသည်။ သက်ထား ထံမှ မျက်ရည်ကျလာသည်ကို မြင်တဲ့အခါ ကိုမောင် ပြာပြာသလဲဖြစ်သွားသည်။

သကျထားThetthtar(Complete)Where stories live. Discover now