Part 20 ♥

1.5K 135 15
                                    

ညနေ၃နာရီအချိန်ဝယ် ကိုမောင် က သက်ထား ကို ဆိုင်ခပ်မြန်မြန်သိမ်းခိုင်းပြီး ကိုးထပ်ကြီးဘုရားဆီ အမွှေးတိုင် နှစ်ထုပ်၊ ဖယောင်းတိုင်တစ်ထုပ်နဲ့အတူထွက်လာသည်။

ဘုရားပစ္စည်းရောင်းသည့်ဆိုင်တွင် တံခွန်ကုက္ကား အနီရောင် အစုံလိုက် ဝယ်ပြန်သည်။ သက်ထား ဘာတစ်ခွန်းမှမမေးဘဲ၊ ကိုမောင့် နောက်လိုက်ကာ ကိုမောင် လုပ်သမျှကိုသာ ကြည့်နေသည်။

ဘုရားဝင်ပေါက်က မြွေနဲ့ဖားကြီးထံတွင် အလှူငွေတွေလှူပြန်သည်။ ဂေါပကလူကြီးထံတွင်လည်း ကိုမောင်ဦး နှင့် သက်ထား ဆိုသည့် နမည်ဖြင့် အလှူငွေတစ်ထောင်။

ဘုရားကြီးရှေ့တွင် အဓိဋ္ဌာန်ဝင် ပုတီးစိပ်သည်။ သက်ထား လည်း ကိုမောင် လုပ်သည့်အရာတွေအကုန်က ကုသိုလ်အလုပ်ပင်ဖြစ်သည်မို့ မတား။ အကြွေစေ့တွေဝယ်ယူကာ ပစ်ပြန်သည်။

သက်ထား သတိထားမိသည်မှာ ကိုမောင် က အချစ်ရေးဆိုသည့် ဖလားထဲသို့သာဝင်အောင်ပစ်နေခြင်းဖြစ်သည်။ လက်တွေတုန်နေတာကြောင့် အကြွေစေ့တိုင်း လွဲချော်ပေမယ့် နောက်ဆုံးတစ်စေ့တွင် ကပ်သီးလေး ဖလားထဲဝင်သွားသည်။

ထိုအခါ အိုလံပစ်ပွဲတွင် အောင်နိုင်သူတဖွယ် ဟစ်ကြွေးတော့သည်။ ဘေးနားက ဘုရားစာရွတ်နေကြသည့်သူတွေ အနှောက်အယှက်ဖြစ်ကုန်သည်မို့ သက်ထား ကိုမောင့် ကို ထိန်းရသေးသည်။

တနင်္လာနံထောင့် ကိုသွားကာ ဝယ်လာသမှ အမွှေးတိုင်တွေ၊ ဖယောင်းတိုင်တွေ၊ တံခွန်ကုက္ကား တွေ အကုန်လှူပြီး နှုတ်မှ တဖွဖွ တရွတ်ရွတ်နဲ့ ဆုတွေတောင်းနေသည်။ သက်ထား အမြင်ထဲ ကိုမောင့် ကို အသည်းယားလာမိသည်။

ဒီလူကြီး၏ ပေါက်ကရအပြုအမူတွေက ချစ်စဖွယ်အတိ။

ကိုးထပ်ကြီးဘိုးဘိုးကြီးဆီသွားကာ အဓိဋ္ဌာန်ကျောက်တုံးမသည်။ မည်သည့်ဆုတောင်းကြောင့်မှန်းမသိ၊ အရမ်းလေးပင်သည့်ပုံပေါ်နေပေမယ့် ကိုမောင် က ကျောက်တုံးကို မရရအောင်မနေသည်။

စိတ်ကျေနပ်သွားသည့်အခါမှ၊ ဘုရားရှေ့တွင် နှစ်ယောက်အတူ ငှက်လွှတ်ကာ လမ်းလျှောက်ပြန်လာခဲ့ကြသည်။

သကျထားThetthtar(Complete)Where stories live. Discover now